Monday, June 23, 2014

ဂလက်စီတစ်ခု၏အလယ်ဗဟိုတွင် ကြီးမားသောတွင်းနက်ကြီးတွေ့ရှိ


NGC 5548 ဂလက်စီ၏ အလယ်ဗဟိုတွင် ကြီးမားသောတွင်းနက်ကြီးတစ်ခုအားတွေ့ရှိပြီး၊ ၄င်းသည် ကမ္ဘာဂြိုလ်မှ အလင်းနှစ်သန်းပေါင်း (၂၂၄.၆) သန်းအကွာတွင်ရှိကြောင်းသိရသည်။ အဆိုပါတွင်း နက်ကြီးသည် ပုံမှန်မဟုတ်သော အပြုအမူမျိုးရှိသည့်အတွက် အဆိုပါတွင်းနက်မျိုးသည် ၄င်းဝင်စွဲရာ ဂလက်စီများအပေါ် မည်သို့သော အကျိုးသက်ရောက်မှု ရှိစေနိုင်သည်ဆိုသည့် အမြင်သစ်တစ်မျိုးကို ရရှိစေသည်။
တွင်းနက်ကြီးအား ၂၀၁၃ ခုနှစ် ဇွန်လက နာဆာ၏ ဟတ်ဗယ် နက္ခတ် တာရာကြည့် မှန်ပြောင်းမှတစ်ဆင့် ခြေရာခံမိခြင်းဖြစ်သည်။ လေ့လာရေးအဖွဲ့အနေဖြင့် ပထမဦးဆုံး အကြိမ်အဖြစ် ရှာဖွေတွေ့ရှိခဲ့ရသည်အရာသည် အံ့သြဖွယ်ဖြစ်စေသည်။ ဂလက်စီ တွင်းနက်ကြီး၏ အတွင်းမှအပြင်ဖက်သို့ လျှင်မြန် သော အရှိန်အဟုန်ဖြင့် လျှံကျစီးထွက်နေသောဓါတ်ငွေ့များသည် ဂလက်စီမှထုတ်လွှင့်လိုက်သော X-rays ရောင်စဉ် ၉၀% ခန့်အား လျှော့ချပစ် လျှက်ရှိကြောင်း တွေ့ရှိ ခဲ့သည်။ ရင်းမြစ် (၆) နေရာမှရရှိသော သတင်းအချက်အလက်များကို စုစည်းပြီး အဖြေထုတ်ယူလိုက်သည့် အခါ ၄င်းကဲ့သို့ လှုပ်ရှားလျှက်ရှိသည့် ဂလက်စီကြယ်စုများအလယ်ရှိတွင်းနက်မျိုးတွင် အိုင်ယွန်နိုက်ဓါတ်ငွေ့များအရှိန်အဟုန်ပြင်းစွာတိုက်ခတ်လျှက်ရှိသည့်အတွက် မြင့်မားသောစွမ်းအင်ထုတ် လွှင့်နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top