ပုဂ္ဂလိက လွှဲပြောင်းထားသည့် အော်တိုအိတ်ချိန်း ဖုန်းများ အဆင်ပြေမှု ရှိပါက မြို့နယ်များ ထပ်မံ တိုးချဲ့ ချထား ပေးမည်
ပုဂ္ဂလိကသို့
လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုထားသည့် အော်တိုအိတ်ချိန်း ဖုန်းများကို
မြို့နယ်အချို့၌ လုပ်ကိုင် ခွင့် ပြုထားရာ အဆင်ပြေမှုရှိပါက မြို့နယ်များ
ထပ်မံတိုးချဲ့ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အော်တိုအိတ်ချိန်း ဖုန်းများကို မေ
၁၇ ရက်က ပုဂ္ဂလိကသို့ စတင်လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး လွယ်ကူစွာ
ဆောင်ရွက်နိုင် ခဲ့သည့် အတွက် မြို့နယ်များသို့ ထပ်မံတိုးချဲ့
ချထားပေးရန် စီစဉ်လျက်ရှိကြောင်း၊ လက်ရှိတွင် ဖုန်းဘီလ် ကောက်ခံခြင်းကို
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လုပ်ကိုင် ဆောင်ရွက်လျက် ရှိပြီး
ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များမှ
လုပ်ကိုင်ကြောင်း သိရသည်။
ပုဂ္ဂလိကသို့ လွှဲပြောင်း
လုပ်ကိုင်ခွင့်ပြုသော မြို့နယ်များမှာ သင်္ဃန်းကျွန်းမြို့နယ်၊
မရမ်းကုန်းမြို့နယ်နှင့် ဘုရင့်နောင်မြို့နယ် စသည့် မြို့နယ်
သုံးမြို့နယ်တို့ကို ခွင့်ပြုထားကြောင်း၊ အော်တိုအိတ်ချိန်း
ကြိုးဖုန်းများ၏ ကနဦး တပ်ဆင်ခများ ကို လက်ရှိပေါက်ဈေးထက်
လျှော့ချပြောင်းလဲရန် အစီအစဉ်ရှိကြောင်း၊ မြို့နယ်များ
တိုးချဲ့လုပ်ကိုင်ခွင့် ပြုရာတွင် စီမံမှု၊ နည်းပညာနှင့်
ဝန်ထမ်းများလိုအပ်ကြောင်း သိရသည်။ ယခင်က အော်တိုအိတ်ချိန်း ဖုန်းများကို
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တစ်ဦးတည်းမှ လုပ်ကိုင်ခဲ့ပြီး
နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment