Monday, June 23, 2014

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် (ကရင်ပြည်နယ်တာဝန်ခံ) ဦးသူရိန်ဇော်၊ ဗဟိုကော်မတီဝင်၊ ပြည်နယ်အတွင်းရေး မှူး ဦးစောထားလုံ၊ ဗဟိုကော်မတီဝင်၊ ပြည်နယ် တွဲဘက် အတွင်းရေးမှူး ဦးစန်းကို၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းတင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခွန်မင်းမင်းထွန်း၊ ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော် မတီဝင်များလိုက်ပါလျက် ဇွန်လ (၁၆) ရက်နေ့ နံနက် (၈)နာရီအချိန်က ထုံးအိုင်ကျေးရွာရှိ ကျောင်းသစ်ကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာဗဟိုကော်မတီဝင် (ကရင်ပြည်နယ်တာဝန်ခံ) ဦးသူရိန်ဇော်နှင့် ဇနီးတို့မှ ကျောင်းသစ်ကျောင်း ဆရာတော်အား လှူဘွယ်ပစ္စည်းများနှင့် အလှူငွေကျပ် (၁)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

နံနက် (၀၈၃၀)နာရီအချိန်တွင် ထုံးအိုင်ကျေးရွာ ရွာလယ်ကျောင်းသို့ သွားရောက်ပြီး၊ ဗဟိုကော်မတီဝင် (ကရင်ပြည်နယ်တာဝန်ခံ) ဦးသူရိန်ဇော်မှ ရွာလယ်ကျောင်းဆရာတော်အား အလှူငွေကျပ် (၅)သောင်း ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ 



ဆက်လက်ပြီး ထုံးအိုင်ကျေးရွာရှိ နာရေးကူညီမှုအသင်း (မာဃ) အဖွဲ့အား ဗဟိုကော်မတီဝင် (ကရင်ပြည်နယ် တာဝန်ခံ) ဦးသူရိန်ဇော်မှ ငွေကျပ်(၁)သိန်း ပေးအပ်လှူဒါန်းရာ အတွင်းရေးမှူး ဦးမင်းအုန်းသန်းမှ လက်ခံရယူ ခဲ့ပါသည်။ 
ဆက်လက်ပြီး ရွာလယ်ကျောင်းတွင် ဗဟိုကော်မတီဝင် (ကရင်ပြည်နယ် တာဝန်ခံ) ဦးသူရိန်ဇော်၊ ဗဟိုကော်မတီဝင်၊ ပြည်နယ်အတွင်းရေးမှူး ဦးစောထားလုံ၊ ဗဟိုကော်မတီဝင်၊ ပြည်နယ် တွဲဘက်အတွင်းရေးမှူး ဦးစန်းကို တို့မှ ထုံးအိုင်ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပါတီဝင်များအား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

No comments:

Post a Comment

back to top