ဗဟိုကော်မတီဝင် ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးစောထားလုံ (ပြည်နယ်အတွင်းရေးမှူး) နှင့် ဗဟိုကော်မတီဝင် ဦးစန်းကို (ပြည်နယ် တွဲဖက် အတွင်းရေးမှူး)၊ ပြည်နယ်ကော် မတီဝင် ဦးခွန်ဝင်းနောင်၊ ခရိုင်ကော်မတီဝင် ဦးနိုင်မောင်မောင်လွင်၊ မြို့နယ် ပါတီဥက္ကဌ ဦးခွန်မင်းမင်းထွန်းနှင့် မြို့နယ်ကော်မတီဝင်များလိုက်ပါကာ ဇွန်လ (၂၀) ရက် နံနက် (၁၀) နာရီအချိန်က ကတွန်းတာကျေးရွာ အနောက်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် ရပ်မိရပ်ဖများ၊ ရပ်ကျေး ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ ဗဟိုကော်မတီဝင် ဦးစောထားလုံ (ပြည်နယ်အတွင်းရေးမှူး)မှ ဦးစွာ ဆွေးနွေးပြောကြားပြီးနောက် ဦးစန်းကို၊ ဦးခွန်ဝင်းနောင်နှင့် ဦးနိုင်မောင်မောင်လွင်တို့မှ အမှာစကားပြောကြား ခဲ့ကြောင်း၊ ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် အင်အား(၁၀၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment