Monday, June 23, 2014


၂၀၁၄ ခုနှစ်၏ အကောင်းဆုံးအယ်လ်ဘမ် ၂၅ခုစာရင်းတွင် ထည့်သွင်းခြင်းခံရသည့် 2NE1 ၏ Crush

ေေေေ တောင်ကိုရီးယား အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ 2NE1 ၏ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Crush ကို အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Fuse TV မှ ၂ဝ၁၄ ခုနှစ်အတွင်း လက်ရှိအချိန်ထိ အကောင်းဆုံး အယ်လ်ဘမ် ၂၅ ခုစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းအယ်လ်ဘမ်မှCome Back Home၊ Baby I Miss You နှင့် Gotta Be You သီချင်းများသည်လည်း အမေရိကန်ဂီတရုပ်သံလိုင်း ၏ ထောက်ခံမှု ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Crush အယ်လ်ဘမ်သည် ယင်းစာရင်းတွင် တစ်ခုတည်းသော အာရှဒေသမှ အယ်လ်ဘမ်တစ်ခုဖြစ်ပြီး အခြားအယ်လ်ဘမ်များအနေဖြင့် Coldplay၊ Mariah Carey နှင့် Pharrell Williams တို့၏ တေးအယ်လ်ဘမ်များလည်း ပါဝင်သည်။
၂ဝ၁၄ ခုနှစ်အတွင်း လက်ရှိအချိန်ထိ အကောင်းဆုံး အယ်လ်ဘမ် ၂၅ ခုစာရင်းတွင် နံပါတ် ၂ဝ တွင် ရပ်တည်ခဲ့သည့် 2NE1 ၏ Crush အယ်လ်ဘမ်ကို တောင်ကိုရီးယားတွင် ဖေဖော်ဝါရီလက စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်မှ Come Back Home သီချင်းသည် စတင်ထွက်ရှိစဉ်က အွန်လိုင်းပရိသတ်များ၏ အထူးအားပေးမှုရရှိခဲ့သည်။
2NE1 အဖွဲ့အနေဖြင့် လာမည့်ဇွန် ၂၈ ရက်တွင် All or Nothing အမည်ရှိဖျော်ဖြေပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top