ကိုရီးယားကြယ်ပွင့်တွေနဲ့ ဘရာဇီးမှာ ဆုံခဲ့တဲ့ Let's Go အဖွဲ့သားများ
ဘရာဇီးနိုင်ငံ၏
ဒုတိယ အကြီးဆုံးမြို့တော် Rio de Janeiro တွင် ဇွန်လ ၂၁ ရက်က Let's Go
ပရိုဂရမ်ရိုက်ကူးစဉ် ကို ရီးယားအနုပညာရှင်များနှင့် တွေ့ဆုံခဲ့၍
ယင်းပရိုဂရမ်တွင် ပါဝင်သော အနုပညာရှင် များက အမှတ်တရ
ဓာတ်ပုံများရိုက်ကာ၎င်းတို့၏ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ဖော်ပြထားသည်။
‘‘၀မ်းသာပျော်ရွှင်မိပါ တယ်။ ငယ်ငယ်ကတည်းက အရမ်းကြိုက်ခဲ့တဲ့ မင်းသမီးနဲ့ ဓာတ်ပုံ တွဲရိုက်ရလို့’’ဟု မြန်မာ ပရိသတ်များကြိုက်သည့် ကိုရီး ယားမင်းသမီဟယ်ယွမ်နှင့် ဓာတ် ပုံတွဲရိုက်ရသော ခံစားမှုကို လွှမ်း ပိုင်က အွန်လိုင်းမှ ဖြေကြားပေး သည်။ ယင်းခရီးစဉ်တွင် ပါဝင် သည့် လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုးတို့က ၎င်းတို့၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာများတွင် မင်း သမီး ဟယ်ယွမ်နှင့် တွဲရိုက်ထား သည့် ဓာတ်ပုံများကိုသာ တင် ထားသော်လည်း နန်းသူဇာ၊ နန်း မြတ်ဖြိုးသင်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင်မူ မြန်မာပရိ သတ်များကြိုက်သည့် ‘‘အသက် ဆက်မျက်ရည်’’ကိုရီးယားဇာတ် လမ်းတွဲမှ မင်းသားနှင့် တွဲရိုက် ထားသည့် ဓာတ်ပုံများကို တင် ထားကြသည်။
ကျော်ထွဋ်ဆွေက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ‘‘ဘရာဇီးမတွေနဲ့ ပုံတွေတင်ရ တာ ပျင်းလာပြီကွာ။ ဒီတစ်ခါ ကိုရီးယားမင်းသမီးနဲ့ပုံတင်မယ်’’ ဟု ရေးသားကာ မင်းသမီး ဟယ် ယွမ်နှင့်ပုံကို တင်ခဲ့သလို နန်းသူ ဇာက ‘‘Just my lucky day’’ နန်းမြတ်ဖြိုးသင်းက ‘‘သြော် . . . တိုက်ဆိုင်လိုက်တာ များကွာ’’ဟု ရေးသားကာ ကိုရီးယားအနုပညာ ရှင်များနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများတင်ထားကြသည်။
ဘရာဇီးနိုင်ငံတွင် ကျင်းပ နေသော ကမ္ဘာ့ဖလားပွဲစဉ် သွား ရောက်ကြည့်ရှုသည့် အစီအစဉ် အပါအ၀င် ဘရာဇီးနိုင်ငံရှိ မြို့ များ၌ သွားရောက်ရိုက်ကူးသည့် Let's Go ပရိုဂရမ်ရိုက်ကူးရေး အတွက် Let's Go အဖွဲ့သားများ သည် မြန်မာနိုင်ငံမှ ဇွန်လ ၁၄ ရက်တွင် စတင်သွားရောက်ခဲ့ကြ ပြီး ဇွန်လ ၂၄ ရက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

No comments:
Post a Comment