Tuesday, June 24, 2014

အလည်အပတ်ခရီးစဉ်အတွင်း ဂရိနိုင်ငံနဲ့စီးပွားရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်တရုတ်ဝန်ကြီးချုပ်

တရုတ်ဝန်ကြီးချုပ် "လီကျီကျင်း"ဟာ သူ့ရဲ့ဂရိနိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်လာ(၅)ဘီလီယံ တန်ဖိုးရှိတဲ့စီးပွားရေးသဘောတူညီမှုစာချုပ် ဂရိနိုင်ငံနဲ့ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဝန်ကြီးချုပ် "လီကျီကျင်း"ဟာ ဂရိခရီးစဉ်အတွင်း ဂရိဝန်ကြီးချုပ် "အန်တိုနီဆာ မားရက်စ်"နဲ့ ချုပ်ဆိုခဲ့တဲ့စီးပွားရေး သဘောတူညီချက်မှာ သင်္ဘောတည်ဆောက်မှုနဲ့ ကုန်ကဏ္ဍတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ ခရိမြို့မှာလေယာဉ်ကွင်းတစ်ခု တည်ဆောက်ပေးဖို့နဲ့ ရထားလမ်းတွေဝယ်ယူဖို့ကိုပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပိုင်းရပ်စ်ဆိပ်ကမ်းဒေသကို ရင်းနှီးမြှုပ်နှံဖို့လည်း စိတ်ဝင်စားနေပြီး တရုတ်ကုမ္ပဏီတစ်ခုက အဆိုပါဆိပ်ကမ်းမှာ ကုန်တင်အဆောက်အအုံနှစ်ခု လုပ်ကိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဂရိနိုင်ငံဟာ ကြွေးမြီနဲ့အလုပ်လက်မဲ့ အရေအတွက် လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဂရိဝန်ကြီးချုပ် "အန်တိုနီ ဆမ်းမားရက်စ်"က တရုတ်နိုင်ငံဟာ ဂရိနိုင်ငံရဲ့လေဆိပ်တွေကို စိတ်ဝင်စားနေပြီး ဂရိနိုင်ငံဟာ လေကြောင်းခရီးသွားလာရေးရဲ့ အချက်အချာဖြစ်လာစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။
 
 
တရုတ်ဝန်ကြီးချုပ်"မစ္စတာလီ" ကတော့ ပိုင်းရပ်စ်ဆိပ်ကမ်းဟာ မြေထဲပင်လယ်ရဲ့ ကမ္ဘာ့ပြိုင်ဆိုင်မှု အများဆုံးဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်ကုမ္ပဏီ Cosco ဟာအဆိုပါဆိပ်ကမ်း တိုးချဲ့ဖို့အတွက် အခုသဘောတူညီမှုကြောင့် နိုင်ငံတကာရင်းနှီးမှုလိုအပ်နေတဲ့ ဂရိနိုင်ငံနဲ့ ဥရောပ သွားလာရေးလမ်းကြောင်း တည်ဆောက်လိုတဲ့ တရုတ်နိုင်ငံအတွက် နှစ်ဘက်လုံး အကျိုးရှိတဲ့ သဘောတူညီချက်အဖြစ် ဖော်ပြခဲ့ကြပေမယ့်လည်း ဂရိနိုင်ငံသားတစ်ချို့ကတော့ အစိုးရဟာနိုင်ငံပိုင်အရင်းအမြစ်ကို ဈေးပေါပေါနဲ့ ရောင်းစားနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
 

No comments:

Post a Comment

back to top