တောင်ကြီးတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ဆင့်ပွားသင် တန်းဆင်း
တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ဖွင့် လှစ်သည့် ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းဖော်ဆောင်ရေး ဆင့်ပွား သင်တန်း (၁/၂၀၁၄) သင်တန်းဆင်းပွဲ ကို ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်း၌ ဇွန်လ ၂၂ ရက် ညနေ ၃ နာရီခွဲက ကျင်းပရာ ရှေးဦးစွာ ရှမ်းပြည် နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က သင်တန်းဆင့် အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးက လက်ခံခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ပြည်နယ် ၀န်ကြီးချုပ်နှင့်အတူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစံလင်း၊ ဗဟို ပါတီကော်မတီဝင် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ တောင်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ခင်ထွေးအောင်၊ တောင်ကြီးမြို့နယ် ပါတီအတွင်းရေး မှူး နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူ ၅၇ ဦးနှင့် အတူ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment