ယူအက်စ်အိုးပင်း အမျိုးသမီး ပြိုင်ပွဲမှာ မီချယ်ဝီး ချန်ပီယံဆု ရရှိ
အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလီးနားပြည်နယ် ပင်းဟတ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ယူအက်စ်အိုးပင်း အမျိုးသမီး ဂေါက်သီးရိုက် ပြိုင်ပွဲမှာ မီချယ်ဝီးက လေးရက်ပေါင်း (၂၇၈)ချက်နဲ့ (၂)ချက်လျော့ရိုက်ပြီး ဗိုလ်စွဲသွားပါတယ်။
အမေရိကန်နိုင်ငံသူ မီချယ်ဝီးဟာ ပထမနေ့နဲ့ ဒုတိယနေ့မှာ (၆၈)ချက်စီရိုက်ပြီး တတိယနေ့မှာ (၇၂)ချက်နဲ့ နောက်ဆုံးနေ့မှာ (၇၀)ချက် ရိုက်သွားပါတယ်။ အမေရိကန်နိုင်ငံသူ ကမ္ဘာ့နံပါတ်(၁) စတေစီလူးဝစ်က (၆၇၊၇၃၊၇၄၊၆၆)ချက်နဲ့ စုစုပေါင်း (၂၈၀)ချက်ရိုက်ပြီး ဒုတိယဆု ရပါတယ်။ တတိယဆုကိုတော့ မြောက်အိုင်ယာလန်နိုင်ငံသူ စတက်ဖနီမီဒိုးက (၇၁၊၇၂၊၆၉၊၆၉)ချက်နဲ့ စုစုပေါင်း (၂၈၁)ချက်ရိုက်ပြီး ရသွားပါတယ်။
No comments:
Post a Comment