Wednesday, June 18, 2014

ပွဲဦးထွက် အရှုံးက အင်္ဂလန်ကို စိတ်ဓာတ် မပျက်ပြားစေပါလို့ စတားရစ် ပြော







အင်္ဂလန်တိုက်စစ်မှူး စတားရစ်က ပွဲဦးထွက် အရှုံးဟာ အင်္ဂလန်အသင်းကို စိတ်ဓာတ်ပျက်ပြားစေမှာ မဟုတ်ပါဘူးလို့ တနင်္လာနေ့က ရီယိုဒီဂျနေရိုမြို့မှာ ပြောကြားပါတယ်။

အင်္ဂလန်ဟာ စနေနေ့က အုပ်စု(D)အဖွင့်ပွဲမှာ အီတလီကို (၂)ဂိုး(၁)ဂိုးနဲ့ ရှုံးပါတယ်။ ဒုတိယပွဲအဖြစ် ဥရုဂွေးနဲ့ ကစားဖို့ ပြင်ဆင်နေပါတယ်။ စတားရစ်က "အီတလီက ကျွန်တော်တို့ကို နိုင်သွားပါတယ်။ သူတို့ကို ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်ကတော့ အမြဲ အတူတူပါပဲ။ အီတလီကို ကျွန်တော်တို့ နိုင်ရင်လည်း ဥရုဂွေးနဲ့ ကစားမယ့် နောက်ပွဲအတွက် အနိုင်ရအောင် ပြင်ဆင်ရမှာပါပဲ။ နောက်ဆုံး ကော့စတာရီကာနဲ့ ပွဲကိုလည်း အနိုင်ရအောင် ကြိုးစားရမှာပါပဲ၊ အနိုင်မရရင်တောင် သရေကျအောင် ကြိုးစားရမှာပါပဲ"လို့ ပြောပါတယ်။ အင်္ဂလန် ရှေ့တန်းလူ ဒယ်နီယယ်ဝဲလ်ဘက်ကလည်း "ကျွန်တော် အရင်ဆုံး ပြောချင်တာက ရွန်နေဟာ ကမ္ဘာ့အဆင့် ဘောလုံးသမား ဖြစ်တယ်ဆိုတာပါပဲ။ သူကကွင်းထဲမှာ ဘယ်နေရာကမဆို သူမတူအောင် ကစားနိုင်ပါတယ်။ အင်္ဂလန်က ရှေ့တန်းလူတွေ အားလုံးဟာ ဘယ်နေရာဖြစ်ဖြစ် ပြောင်းကစားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွန်နေလည်း ပထမပွဲမှာ ဘယ်ဘက်ခြမ်းက ကစားပါတယ်။ နောက်နှစ်ပွဲမှာ သူက ညာဘက်ခြမ်းက ဖြစ်ချင်ဖြစ်နေမှာပါ။ ဒါကြောင့် သူကအင်္ဂလန်ရဲ့ သွင်းဂိုးအများဆုံး ဘောလုံးသမား ဖြစ်နေမှာပါ"လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အင်္ဂလန်ဟာ မြန်မာစံတော်ချိန် သောကြာနေ့ မနက်(၁)နာရီခွဲမှာ ဥရုဂွေးနဲ့ ကစားရပါမယ်။

No comments:

Post a Comment

back to top