အမေရိကန် အသင်းကို တွစ်တာကနေ အိုဘားမား အားပေး
အင်္ဂါနေ့၊ နံနက်ပိုင်းက အရီနာဒက်စ်ဒူဒက်စ်ကွင်းမှာ ဂါနာကို အနိုင်ရခဲ့တဲ့ အမေရိကန် လက်ရွေးစင် ဘောလုံးအသင်းကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အိမ်ဖြူတော် တွစ်တာ အကောင့်မှတစ်ဆင့် အားပေးစကား ဆိုပါတယ်။
တွစ်တာဗီယာကနေ အိုဘားမားပြောရာမှာ ’’အမေရိကန်အသင်း ကြိုးစားထား’’လို့ ဆိုထားပြီး တခြားသော အမေရိကန် အမတ်တွေကလည်း လက်ရွေးစင် ဘောလုံးအသင်းအတွက် အားပေးစကား ဆိုခဲ့ကြပါတယ်။ အမေရိကန် အသင်းဟာ တနင်္ဂနွေနေ့မှာ ပေါ်တူဂီနဲ့ ဆက်ကစားရမှာဖြစ်ပြီး အုပ်စုနောက်ဆုံး ဂျာမနီနဲ့ပွဲကိုတော့ ဇွန်လ(၂၆)ရက်နေ့မှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း အမေရိကန် ဘတ်စကက်ဘော အကျော်အမော် လီဘရွမ်းဂျိမ်းစ်က ဒဏ်ရာရ အမေရိကန် တိုက်စစ်မှူး အယ်လ်တီဒိုးကို ဒဏ်ရာအမြန် သက်သာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။
No comments:
Post a Comment