Wednesday, June 18, 2014

NBA ဘတ်စကက်ဘော ချန်ပီယံဆုကို ဆန်အန်တိုနီယိုစပါး အသင်း ရရှိ






အမေရိကန် ပြည်ထောင်စု တက်ဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှာ တနင်္ဂနွေနေ့က ကစားတဲ့ NBAဘတ်စကက်ဘော ဗိုလ်လုပွဲ ပွဲစဉ်(၅)မှာ ဆန်အန်တိုနီယိုစပါးက မီယာမီဟိအသင်းကို (၁၀၄)မှတ်(၈၇)မှတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ဒီနိုင်ပွဲကြောင့် Best of 7 ကစားတဲ့ သူတို့ဗိုလ်လုပွဲမှာ စပါးအသင်းက (၄)ပွဲနိုင်(၁)ပွဲရှုံးနဲ့ ချန်ပီယံဆု ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပါးအသင်းအတွက် ကောဟီလီယိုနာ့ဒ်က (၂၂)မှတ်နဲ့ အမှတ်အများဆုံး ရယူပေးခဲ့ပြီး မီယာမီဟိအတွက်ကိုတော့ လီဘရွန်ဂျိမ်းက (၃၁)မှတ်နဲ့ အများဆုံး ရယူပေးခဲ့ပါတယ်။ လီဘရွန်ဂျိမ်းဟာ မီယာမီ အသင်းကို ပြီးခဲ့တဲ့ (၂)နှစ်ဆက်တိုက် ချန်ပီယံဆုရအောင် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ (၂၀၀၇)ခုနှစ် နောက်ပိုင်းမှာ NBAချန်ပီယံဆုကို ပထမဆုံး ရယူနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲသမိုင်း တစ်လျှောက်မှာတော့ စပါးအသင်းဟာ ချန်ပီယံဆုကို စုစုပေါင်း (၅)ကြိမ် ရထားပါတယ်။

No comments:

Post a Comment

back to top