အင်းစိန်မြို့နယ် ပြည်သူ့မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ကန္နားအလယ်ရပ်ကွက် ဖန်စက်လမ်းရှိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ဇွန်လ ၁၄ ရက် နံနက် ၉ နာရီက ပြည်သူ့မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်၊ ဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်း ရေးမှူး ဦးသာဝင်း၊ တိုင်းကော်မတီဝင် ဦးတင်မောင်ဝင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးတင်ယုနှင့် ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးနု၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးစောဆန်နီချန်းနှင့် ဦးအောင်ဆန်းမြင့်၊ မြို့နယ် ရှစ်မြို့နယ်မှ ပါတီ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက အမှာစကား ပြောကြားခဲ့သည်။
No comments:
Post a Comment