Tuesday, June 17, 2014

ယူအက်စ်အိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲမှာ မာတင်ကေးမား ဗိုလ်စွဲ






အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလီးနားပြည်နယ် ပင်းဟတ်မြို့မှာ ကျင်းပပြီးစီးတဲ့ ယူအက်စ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဂျာမနီဂေါက်သီးသမား မာတင်ကေးမား အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ 

အသက်(၂၉)နှစ်ရှိ ကေးမားဟာ ပထမနေ့နဲ့ ဒုတိယနေ့တွေမှာ (၆၅)ချက်စီရိုက်ပြီး တတိယနေ့မှာ (၇၂)ချက်နဲ့ နောက်ဆုံးနေ့မှာ (၆၉)ချက် ရိုက်ခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း(၂၇၁)ချက်နဲ့ (၉)ချက်လျော့ရိုက်ပြီး ချန်ပီယံဆု ရသွားပါတယ်။ သူဟာပြိုင်ပွဲအစ ပထမနေ့ကနေ နောက်ဆုံးနေ့အထိ ဦးဆောင်ပြီး ချန်ပီယံ ဖြစ်သွားတဲ့ (၇)ဦးမြောက် ဂေါက်သီးသမားအဖြစ်လည်း ဂေါက်သီးသမိုင်းမှာ မှတ်တမ်း ၀င်သွားပါတယ်။ နောက်ပြီး ယူအက်စ်အိုပင်း ချန်ပီယံဆုရ ပထမဆုံး ဂျာမနီနိုင်ငံသားအဖြစ်လည်း ကေးမား မှတ်တမ်း ၀င်ခဲ့ပါတယ်။ ကေးမားဟာ ပထမဆုံး မေဂျာချန်ပီယံဆုကို (၂၀၁၀)ပြည့်နှစ်က ပီဂျီအေချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ရခဲ့ပါတယ်။ အခုချန်ပီယံဆုက ဒုတိယမြောက်ရတဲ့ မေဂျာချန်ပီယံဆု ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မှာတော့ ကေးမားဟာ တစ်ချိန်က ကမ္ဘာ့နံပါတ်(၁)ဖြစ်ခဲ့ပြီး အခုတော့ ကမ္ဘာ့အဆင့်(၂၈)မှာ ရှိပါတယ်။ သူ့နောက်က ဒုတိယဆုကိုတော့ အမေရိကန် ဂေါက်သီးသမားတွေဖြစ်တဲ့ ရစ်ကီဖောင်လာနဲ့ ကင့်တန်တို့က လေးရက်ပေါင်း (၂၇၉)ချက်စီနဲ့ ပူးတွဲ ရရှိပါတယ်။

No comments:

Post a Comment

back to top