Tuesday, June 17, 2014

ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗလာစာအုပ်နှင့် စာရေးကိရိယာများလှူဒါန်

ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကင်းမြို့နယ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေး ကိရိယာလှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ် သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခင်၊ မြို့နယ် ပါတီကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်၊ မြို့နယ်ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးဘချစ်၊ ဦးအောင်ဇော်ရဲ၊ ဦးတင်ထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်း သူများ စုစုပေါင်း ၃၅၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတင်အောင် က အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ မြို့နယ် အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်၊ မြို့နယ် ပါတီကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်၊ မြို့နယ်ပါတီကော် မတီဝင် ဦးတင်ထွန်း တို့က ကျောင်းသား ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ် များ၊ ပေတံ၊ ခဲတံ၊ ထမင်းဘူး စသည့် ပစ္စည်းများအား အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းသား ကျောင်းသူ ၃၀၀ အတွက် ရန်ကင်းမြို့ နယ် ပြည်ခိုင်ဖြိုး ပါတီမှ စုစုပေါင်း တန်ဖိုး ကျပ်ရှစ်သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top