ငွေကျပ် သုံးသောင်းတန် ဖုန်းငွေ ဖြည့် ကတ်များ ထပ်မံ ထုတ်လုပ် မည်
မြန်မာနိုင်ငံ၌ ရောင်းချနေသည့်
ဖုန်းငွေဖြည့်ကတ်များကို ယခုထက် ပိုမိုကာ ထုတ်လုပ်ဖြန့် ဖြူး ရောင်း ချ
ပေးနိုင်ရန်နှင့် လက်ရှိထုတ်လုပ် နေသည့် အမြင့်ဆုံး ငွေဖြည့်ကတ် ဖြစ်သည့်
ငွေကျပ် ၁ဝဝဝဝ တန်နှင့် အထက်ဖြစ် သည့် ငွေကျပ် ၃ဝဝဝဝတန် ငွေဖြည့်ကတ်များကို
ထုတ်လုပ်နိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကုမ္ပဏီ လေးခု
ထပ်မံရွေးချယ် လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဖုန်းငွေဖြည့်ကတ်များ
ထုတ်လုပ်ဖြန့်ဖြူးရန် ရွေးချယ်လိုက်သည့် ကုမ္ပဏီ လေးခုမှာ ABC, Fottune
International မြန်မာရွှေ ပိတောက်နှင့် AMTT ကုမ္ပဏီတို့ဖြစ်ပြီး ၎င်းကုမ္ပ
ဏီများ အနေဖြင့် ဖုန်းငွေဖြည့်ကတ် များကို ထုတ်ဝေခွင့် ထပ်မံရရှိမည်
ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်
ငွေဖြည့်ကတ် ထုတ်လုပ်နိုင်မည့် ကုမ္ပဏီများကို ထပ်မံဖြည့် တင်း ခေါ်ယူထုတ်လုပ်
ရခြင်းမှာ ဖုန်းသုံးစွဲမှုနှင့် ပတ်သက်၍ ဖုန်းငွေ ဖြည့်ကတ်များ အမှန်တကယ်
ထပ်မံ လိုအပ်လာမည် ဖြစ်သည့်အတွက် ခေါ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုထပ်မံရရှိသည့် ကုမ္ပဏီများ ကလည်း
ငွေဖြည့်ကတ်များကို စတင်ဖြန့်ဝေ နိုင်ရန်အတွက် ရိုက်နှိပ်နေ ပြီဖြစ်သည့်
အပြင် နှုန်းထားများကိုလည်း လက်ရှိငွေဖြည့် ကတ်များ အတိုင်း ငွေကျပ် ၅ဝဝဝ
တန်၊ ငွေကျပ် ၁ဝဝဝဝတန်နှင့် ငွေကျပ် ၃ဝဝဝဝ တန်တို့ကို ထုတ်ဝေမည်ဖြစ်ပြီး
တစ်နိုင်ငံလုံးသို့ အမြန် ဆုံး ဖြန့်ဖြူး နိုင်ရေးအတွက် ဆောင်ရွက်
နေပြီဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment