Monday, June 23, 2014

ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲသို့ ဗဟိုကော် မတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း တက်ရောက်အားပေး

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ် စဉ် (၃) ဖွင့်ပွဲ အခမ်းအနားသို့ ဗဟို ကော်မတီအထွေထွေအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးမောင်မောင်သိမ်း တက်ရောက်အားပေးခဲ့ သည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် (၇) ရပ်ကွက် မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ဇွန်လ (၂၁) ရက် နံနက် (၈) နာရီအချိန် တွင် ပြုလုပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးက သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူ ၉၆ ဦးကို အမှာစကား ပြောကြားခဲ့သည်။



" သင်ကြားတဲ့ပုံစံကတော့ နည်းဗျူဟာ၊ မဟာဗျူဟာတွေမှာ တာဝန်ရှိခြင်း၊ စီမံ ခန့်ခွဲမှု၊ ပွင့်လင်းမြင်သာမှု၊ တရား ဥပဒေ စိုးမိုးမှု၊ တာဝန်ခံဖြေရှင်းမှု၊ ပဋိပက္ခရဲ့ အဓိပ္ပါယ်၊ ညှိနှိုင်းဆွေးနွေး စေ့စပ်ခြင်း၊ ခေါင်းဆောင်မှုအဓိပ္ပါယ်၊ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု ဆိုတဲ့ အဓိပ္ပါယ် တွေကို ဆွေးနွေးပြီး သင်ကြားသွားမှာပါ" ဟု ခရိုင်အတွင်းရေးမှူး ဦးနိုင်အောင်က ပြောသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်း၊ တိုင်းဒေသကြီး ကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် တွဲဖက်အတွင်းရေးမှူး ဦးနိုင်အောင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် သင်တန်း သား သင်တန်းသူ စုစုပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

back to top