Monday, June 23, 2014

ယူအက်စ်အိုးပင်း အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲမှာ မီချယ်ဝီနဲ့ အေမီယန်းတို့ ပူးတွဲ ဦးဆောင်


အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားက ပိုင်းဟတ်စ်မှာ ကျင်းပနေတဲ့ ယူအက်စ်အိုးပင်း အမျိုးသမီးဂေါ့ဖ်ပွဲစဉ်ရဲ့ တတိယနေ့ပွဲစဉ်တွေကို စနေနေ့က ဆက်လက်ကျင်းပရာမှာ အမေရိကန်နိုင်ငံသူ မီချယ်ဝီနဲ့ တောင်ကိုရီးယားနိုင်ငံသူ အေမီယန်းတို့ ပူးတွဲဦးဆောင်နေပါတယ်။ သူတို့နှစ်ဦးဟာ (၂)ချက်စီလျော့ရိုက်ပြီး စုစုပေါင်းရိုက်ချက် (၂၀၈)ချက်စီနဲ့ ပြိုင်ပွဲမှာ ဦးဆောင်နိုင်နေကြတာ ဖြစ်ပါတယ်။ အမေရိကန် ဂေါက်သီးမယ် တစ်ဦးဖြစ်တဲ့ ဂျူလီအင့်ခ်စတာက စုစုပေါင်းရိုက်ချက် (၂၁၂)ချက်ရရှိထားပြီး မြောက်အိုင်ယာလန်က စတီဖန်နီမီးဒေါင်း၊ တောင်ကိုရီးယားက နာယောင်ချွိုင်၊ သြစတြေးလျက မင်ဂျီလီတို့နဲ့ ရိုက်ချက်တူကာ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီပြိုင်ပွဲကို ဇွန်(၁၇)ရက်ကနေ (၂၂)ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top