နောက်တစ်ပတ်မှာ တိုက်ဂါးဝုဒ် ပြိုင်ပွဲ ပြန်ဝင်တော့မည်
နောက်ကျော ခွဲစိတ်ကုထားရလို့ မတ်လကုန်လောက်ကတည်းကစပြီး နားနေရတဲ့ အမေရိကန် ဂေါက်သီးသမား တိုက်ဂါးဝုဒ်ဟာ နောက်တစ်ပတ်မှာ ပြိုင်ပွဲဝင်တော့မယ်လို့ သောကြာနေ့က ကြေညာပါတယ်။
သူစတင်ကစားမယ့် ပြိုင်ပွဲက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘီသက်စဒါမြို့မှာ ကျင်းပမယ့် ကွစ်ကင်းလုန်းနေရှင်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ်(၁) ဂေါက်သီးသမားဟောင်း တိုက်ဂါးဝုဒ်က "ဒီနှစ်ထဲမှာ မေဂျာပြိုင်ပွဲ(၂)ပွဲကို ကျွန်တော် မပြိုင်ခဲ့ရပါဘူး။ အခုလိုပြိုင်ပွဲ ပြန်ဝင်မယ်ဆိုတော့ စိတ်လှုပ်ရှားနေတယ်။ ရိုက်ချက်အပြည့်ကို ခုမှရိုက်ခါစ ရှိပါသေးတယ်။ နောက်တစ်ဆင့်ကိုတော့ အချိန်ယူရပါဦးမယ်"လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မာစတာပြိုင်ပွဲနဲ့ ယူအက်စ်အိုးပင်းတို့ကို မပြိုင်နိုင်ခဲ့တဲ့အတွက် တိုက်ဂါးဝုဒ်ဟာ ဇူလိုင်လအတွင်း ကျင်းပမယ့် တတိယ မာစတာ ပြိုင်ပွဲကိုလည်း ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားကြပါတယ်။ အခုအခြေအနေအတိုင်းဆိုရင် ဇူလိုင်(၁၇)ရက်ကနေ (၂၀)ရက်အထိ ကျင်းပမယ့် ဗြိတိန်အိုးပင်း ပြိုင်ပွဲကို တိုက်ဂါးဝုဒ် ယှဉ်ပြိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အသက်(၃၈)နှစ် ရှိပြီဖြစ်တဲ့ တိုက်ဂါးဝုဒ်ဟာ ဒဏ်ရာကြောင့် မေဂျာပြိုင်ပွဲ (၆)ပွဲကိုလည်း မပြိုင်ခဲ့ရပါဘူး။
No comments:
Post a Comment