Friday, June 27, 2014

ဇူလိုင် ၂ ရက်မှစ၍ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင်အသုံးပြုခွင့် ပြုမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့်WCDMA ဖုန်း ကိုင်ဆောင်အသုံးပြုသူများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံ သို့ မိမိအသုံးပြုနေသည့်ဖုန်းများ သယ်ဆောင်အသုံးပြု ခွင့်ကို ဇူလိုင် ၂ ရက်မှ စတင်ခွင့်ပြု မည်ဖြစ်ကြောင်း ကို ဇူလိုင် ၂၆ ရက် ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်

“International Outbound Roming သွားရောက်သုံးစွဲနိုင်တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းသုံးစွဲသူများအနေနဲ့ Prepaid ဖုန်းရော Postpaid ဖုန်းနှစ်မျိုးစလုံး သုံးစွဲနိုင် မှာဖြစ်ပါတယ်။ Prepaid ဖုန်းများအနေနဲ့ကတော့ Top-Up များကို မိမိဆန္ဒရှိတဲ့ အလျောက် ဖြည့်တင်း သွားဖို့ လိုအပ်သလိုTop-Up ကတ်များကို ဝယ်ယူသွားပြီး တခြားအသုံးပြု မယ့် နိုင်ငံ မှာ ကုန်သွားလို့ ထပ်မံပြီး Top-Up လုပ်မယ်ဆိုရင် ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ Postpaid ဖုန်းအသုံးပြု သူတွေ အနေနဲ့ နိုင်ငံတကာလေဆိပ် ဝင်ပေါက် ထွက်ပေါက်များဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ တယ်လီဖုန်းအခွန်ကောက်ခံရေးကောင်တာများမှာ သွားရောက်ပြီး မိုဘိုင်းဖုန်း International Outbound Roming သုံးဖို့အတွက် ကို ငွေကျပ် ငါးသိန်း ပေးသွင်းရမှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်း က ပြောကြားသည်။
“ဖုန်းခေါ်ဆိုခနှုန်းထားတွေအနေနဲ့ အာဆီယံနိုင်ငံတွေအတွင်းမှာတော့ ဇုန် ၁ ပေါ့၊ တောင်အာရှတိုက် ကိုတော့ ဇုန် ၂၊ အလယ်အာရှတိုက်ကိုတော့ ဇုန် ၃ ၊ ကျန်တဲ့ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိက တိုက်များကို ဇုန် ၄ ဆိုပြီး ခွဲခြားထားပါတယ်။ အာဆီယံနိုင်ငံတွင်း ကနေ မြန်မာနိုင်ငံကို ပြန်ခေါ်မယ်ဆိုရင် တစ်မိနစ် ကို ကျပ် ၃ဝဝဝ၊ တောင်အာရှတိုက်နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ခေါ်ဆိုမယ်ဆို ရင် တစ်မိနစ် ကို ကျပ် ၃၅ဝဝ၊ အလယ် အာရှတိုက်ကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်ဆိုပါက တစ်မိနစ် ကျပ် ၄၅ဝဝ၊ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက် တွေကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်မယ်ဆိုရင် တစ်မိနစ်ကို ကျပ် ၅ဝဝဝ နှုန်း ကျသင့်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သုံးစွဲသူတွေကို ခေါ်ဆိုမယ်ဆိုရင် ပုံမှန်ပြည်တွင်း မှာ ကောက်ခံနေတဲ့ ခေါ်ဆိုခနှုန်းထားအတိုင်းသာ ခေါ်ဆိုသူက ကျသင့်မှာဖြစ်ပါ တယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ဆက်လက်ပြောကြား သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Outbound Roming ဝန်ဆောင်မှုကို သုံးစွဲလိုသူများ အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတွင် သုံးရက်ကြိုတင် လျှောက်ထားရ မည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်း ဖော်ပြ ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment

back to top