Friday, June 27, 2014

တစ်ကိုယ်တော်အနုပညာခြေလှမ်းစတင်ဖို့ 9Muses အဖွဲ့မှ ထွက်ခွာ သွားတဲ့ ယူဆဲရာ

 တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များအဖွဲ့ 9 Muses အဖွဲ့ဝင် ယူဆဲရာသည် တစ်ကိုယ်တော် အနုပညာခြေလှမ်းစရန် 9 Musesအဖွဲ့မှ ထွက်ခွာသွားပြီဖြစ်သည်။
‘‘ကျွန်တော်တို့ အေဂျင်စီ Star Empireနဲ့ ဆဲရာချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ပြည့်သွားပါပြီ။ ဒါကြောင့်မို့လို ဆဲရာဟာ 9 Muses အဖွဲ့က ထွက်ခွာသွားပါပြီ။ သူနောက်ထပ် ဘာတွေလုပ်မယ်ဆိုတာကို ကျွန်တော်တို့နဲ့ ဆွေးနွေးတာမျိုးမရှိပါဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားသွားမှာပါ’’ဟု 9 Musesအဖွဲ့ ၏ အေဂျင်စီ Star Empire က ပြောသည်။
‘‘9 Muses အဖွဲ့ဝင်တွေဟာ သြဂုတ်လအစောပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်စတင်မှာပါ။ အဖွဲ့က ထွက်ခွာသွားပြီဖြစ်တဲ့ ဆဲရာကိုလည်း အားပေးပါ။ ကျန်ရှိနေသေးတဲ့ အဖွဲ့ဝင်တွေကိုလည်း အားပေးပါ’’ဟု Star Empire အေဂျင်စီက ပြောသည်။
၂၀၁၀ပြည့်နှစ်တွင် ကေပေါ့ပ်လောကသို့စတင်ခြေချသော 9 Musesအဖွဲ့သည် လာမည့် သြဂုတ်လ တွင် ပြုလုပ်မည့် အနုပညာလှုပ်ရှားမှုအတွက် ပြင်ဆင်ကာ အလုပ်များလျက်ရှိသည်။                  

 

No comments:

Post a Comment

back to top