ဇူလိုင် ၁ ရက်မှ စ၍ နိုင်ငံခြား သုံးငွေ လိုင်စင်ကြေး နှုန်းထား များ ပြင် ဆင် သတ်မှတ်မည်
ဇူလိုင် ၁
ရက်မှ စ၍ နိုင်ငံခြား သုံးငွေ လိုင်စင်များ အတွက် လိုင်စင်ကြေး
နှုန်းထားများ ပြင်ဆင် သတ်မှတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ နိုင်ငံခြားသုံးငွေ လိုင်စင်ကြေး
နှုန်းထားများ ပြင်ဆင် သတ်မှတ်ခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်
အနေဖြင့် ထုတ်ပြန်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းထုတ်ပြန်မှုတွင် နိုင်ငံခြား သုံးငွေ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း
လိုင်စင် (A/D) သို့မဟုတ် နိုင်ငံခြားငွေများ
ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်
(Money Changer M/C ) ကိုင်ဆောင် ထားသော နိုင်ငံပိုင် ဘဏ်များ၊
ပုဂ္ဂလိကပိုင် ဘဏ်များ၊ ဟိုတယ်နှင့် ဘဏ်မဟုတ်သော အဖွဲ့အစည်းများ
အားလုံးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအဖွဲ့ အစည်းများ အနေဖြင့်
လိုင်စင်ဆိုင်ရာ ကနဦး လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ သက်တမ်း တိုး
နောက်ကျ လျှောက်ထားခြင်း၊ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ခြင်းများ အတွက်
ပြင်ဆင် သတ်မှတ် ခဲ့ခြင်းများ ဖြစ်သည်။ ထို့အပြင် ယခင်သက်တမ်းတိုး
ကင်းလွတ်ခွင့် ရရှိထားသည့် (M/C) လိုင်စင်ရရှိ ကိုင်ဆောင်ထားသော
ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများသည် ဟိုတယ်များ၊ ပုဂ္ဂလိကဘဏ် များ နည်းတူ
ငါးနှစ်တစ်ကြိမ် သက်တမ်း တိုးရမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြင်ဆင် သတ်မှတ်လိုက်သည့်
နှုန်းထားများမှာ A/D လိုင်စင် အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် သိန်း
၂ဝ၊ ငါးနှစ် တစ်ကြိမ် သက်တမ်း တိုးခြင်းကို ငွေကျပ် သုံးသိန်း၊
သက်တမ်းတိုး နောက်ကျကြေး ဒဏ်ကြေးတစ်လလျှင် ငွေကျပ် ငါးသောင်း၊ လုပ်ငန်း
တိုးချဲ့ခြင်းများ အတွက် ငွေကျပ် ၁ဝ သိန်းအဖြစ် ပြင်ဆင်
သတ်မှတ်ခဲ့ကြောင်း၊ M/C လိုင်စင်များ အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ်
လေးသိန်းမှ ယခုငွေကျပ် ငါးသိန်း၊ M/C လိုင်စင်(ဘဏ်မဟုတ်သော
အဖွဲ့အစည်းများ)အတွက် ကနဦး လိုင်စင်ကြေး ငွေကျပ် ၁ဝ သိန်း ဖြစ်သည်။ A/D
လိုင်စင်များအတွက် ယခင်က ကနဦး လိုင်စင်ကြေး အနေဖြင့် ငွေကျပ် ငါးသိန်းသာ
ရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment