Tuesday, June 17, 2014


ကျောက်ဆည်တွင် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေးဆင့်ပွားသင်တန်းဖွင့်လှစ်



မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင် ဖွင့်လှစ်သည့် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၁/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၁၀ ရက် နံနက် ၈ နာရီက ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးသန်းထွန်းက အဖွင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်သန်း (ခရိုင်အတွင်းရေးမှူး) က သင်တန်းသား သင်တန်းသူများ လိုက်နာကြရမည့် စည်းကမ်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်/ ကျေးစည်းရုံးရေးမှူးများ၊ သင်တန်း သား၊ သင်တန်းသူ ၁၀၀ တို့အား သင်တန်းချိန် လိုက်နာရမည့်စည်းကမ်းနှင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့ ပါတီ ဖော်ဆောင်ရေး၊ ပြည်သူလူထု လိုအပ်ချက်များ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးမှာကြားပြီး မန္တလေးတိုင်းဒေသ ကြီးပါတီကော်မတီဝင် ဦးသန်းထွန်းက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း၊ သင်တန်းကာလ မှာ ရက်သတ္တ တစ်ပတ်ကြာမြင့်ကြောင်း သိရသည်။

No comments:

Post a Comment

back to top