Tuesday, June 17, 2014


မှော်ဘီ ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်တာဝန်ပေးအပ်ပွဲ ကျင်းပ



ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ကျင်းပသော လူငယ်တွေ့ဆုံပွဲနှင့် လူငယ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီတွင် မြို့နယ်ပါတီရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မွေးမြူရေးနှင့် စိုက်ပျိုးရေး ၀န်ကြီး ဦးစိုးမင်း က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ခေတ္တ အတွင်းရေးမှူး ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသိမ်းက လူငယ်အလံကို လွှဲပြောင်းပေးအပ်ရာ လူငယ်များ၏ ကိုယ်စား မိုးနက်ချောင်းကျေးရွာအုပ်စုမှ လူငယ်ခေါင်းဆောင် မောင်သန်းထွန်းက လူငယ်အလံကို လက်ခံရယူခဲ့သည်။


ထို့နေက် လူငယ်များအား ၀န်ကြီး ဦးစိုးမင်း၊ တိုင်းဒေသကြီး ခေတ္တအတွင်းရေးမှူး ဦးမင်းသိမ်း၊ ခရိုင်လူငယ်တာဝန်ခံ ဦးလင်းထွန်း၊ မြို့နယ်ပါတီနာယက တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စား လှယ် ဦးဗိုလ်ကြည်၊ ပါတီအတွင်းရေးမှူး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ တွဲဖက် အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဦး၊ ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဒေါ်အေးအေးမော်၊ ဦးညွန့်ထွေး၊ ဦးသိန်းထွန်း၊ လူငယ်တာဝန်ခံ ဦးနိုင်လင်း တို့က လူငယ်များကို ဦးထုပ်ဆောင်း တာဝန်ပေးအပ်ခဲ့သည်။ လူငယ်များ၏ကိုယ်စား အန့်ဘွေးကုန်း ကျေးရွာအုပ်စုမှ မောင်အောင်နိုင်ကိုနှင့် လှည်းငုတ်ချောင်း ကျေးရွာအုပ်စုမှ မတင်မာဝင်းတို့က ကျေးဇူးတင်စကား ပြော ကြားကာ တိုင်းခေတ္တအတွင်းရေးမှူးက နိဂုံးချုပ် စကားပြောကြားပြီး အခမ်းအနား ကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၃) အုပ်စုမှ ပါတီ ခေါင်းဆောင်များနှင့် လူငယ်ခေါင်းဆောင် ၂၁၅ ဦးတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

back to top