Tuesday, June 17, 2014

အငြင်းပွား ကျွန်းပေါ်တွင် တရုတ် နိုင်ငံက စာသင်ကျောင်း တည်ဆောက်

တရုတ်နိုင်ငံသည် အငြင်းပွားနေသော တောင်တရုတ် ပင်လယ် အတွင်းရှိ ဝေးလံခေါင်းပါးသော Yongxing အမည်ရှိ ကျွန်းတစ်ခုပေါ်၌စစ်ဘက် အမှုထမ်းများ၏ ကလေးငယ်များနှင့် အခြား ကလေးငယ်များ ပညာ သင်ကြားနိုင်ရေး အတွက် စာသင်ကျောင်း တစ်ကျောင်း တည်ဆောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်း တည်ဆောက်နေသော ကျွန်းသည် တရုတ်နိုင်ငံ တောင်ဘက် ပြည်နယ် တစ်ခု၏ တောင်ဘက်စွန်းစွန်း ကီလိုမီတာ ၃၅ဝ အကွာခန့်တွင် တည်ရှိပြီး လူဦး ရေ ၁၄၄၃ ခန့် နေထိုင်ကြောင်း၊ Sansha အမည်ရှိ အဆိုပါ အခြေစိုက် စခန်းကို တရုတ်နိုင်ငံက ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယင်းအခြေစိုက် စခန်း၏ နယ်မြေသစ်တွင် စာတိုက်၊ ဘဏ်၊ စူပါမားကတ်နှင့် ဆေးရုံတို့ တည်ဆောက်ထား သည်ဟု သိရသည်။
၎င်းစာသင်ကျောင်းကို ဇွန် ၁၄ ရက်က စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၈ လတာ ကာလအတွင်း အပြီးအစီ ဆောက်လုပ်နိုင်မည် ဟု မျှော်မှန်းထားကြောင်း Yongxing ကျွန်းတွင် ကျောင်းနေအရွယ် ကလေးငယ် ၄ဝ ဦး ခန့်ရှိကြောင်း Sansha အစိုးရက ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်တွင် ထုတ်ဖော် ရေးသား ထားသည်။

 

No comments:

Post a Comment

back to top