Friday, June 27, 2014

မြန်မာနိုင်ငံမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၂ဝဝ ကို SCG မှ ပညာသင် ထောက်ပံ့ကြေး ပေးမည်

အာဆီယံဦးဆောင် စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် SCG မှ လူမှု ပတ်ဝန်းကျင်တွင် တက်ကြွပြီး ပညာ ထူးချွန်သော အထက်တန်းကျောင်းသား၊ ကျောင်းသူ ၂ဝဝ အား တတိယ အကြိမ်မြောက်
SCG Sharing The Dream အစီအစဉ်၏ အထောက်အပံ့ဖြင့် ပညာသင် ထောက်ပံ့ကြေး တစ်ဦး လျှင် ငွေကျပ် နှစ်သိန်းတစ်သောင်း (အမေရိကန် ဒေါ်လာ ၂၂ဝ ခန့်)  ထောက်ပံ့ ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာသင် ထောက်ပံ့ကြေး ငွေကို ၂ဝ၁၃ ခုနှစ်က ရန်ကုန်တိုင်း ဒေသကြီးမှ ကျောင်းသား၊ ကျောင်း သူ ၁ဝဝ နှင့် မွန်ပြည် နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ တို့ အား ပညာသင်ဆု အဖြစ် ငွေ ကျပ်နှစ် သိန်းစီ ချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် ပညာသင် ထောက်ပံ့ကြေးကို  တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆု ပေးအပ်ခြင်း တတိယနှစ် အစီအစဉ် အဖြစ် SCGသည် ရန်ကုန်တိုင်း ဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီး ခနောင်တိုနှင့် ကော့မှူး စသောမြို့နယ်များနှင့် မွန်ပြည်နယ်တွင် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်နှင့် ချောင်းဆုံမြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူ ၂ဝဝ အား ပညာသင်ဆု ချီးမြှင့်သွား မည် ဖြစ်ပြီး ပညာသင် ဆုပေးပွဲ အခမ်းအနား များကို    စက်တင်ဘာတွင် ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ SCG Sharing The Dream
ပညာသင်ဆုကို ရန်ကုန်မြို့နှင့် မွန်ပြည်နယ်တွင် အမြဲ တမ်း နေထိုင်သော နဝမတန်း သို့မဟုတ် ဒသမ တန်းကျောင်းသား၊ ကျောင်းသူများသည် ဇွန် ၂၃ရက်မှဇူလိုင်၁၈ရက် အတွင်း လျှောက်ထား နိုင်ကြောင်း သိရသည်။
ယင်းပညာသင်ဆု လျှောက်လွှာ လျှောက်ထားသူသည် ဓာတ်ပုံတစ်ပုံ၊ ဆက်သွယ်ရမည့် လိပ်စာ အပြည့် အစုံ၊  မိမိဆရာ၏ ထောက်ခံစာနှင့်တကွ ထည့်သွင်း လျှောက်ထားရမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက Myanmar Business Executives Association (MBE) ဖုန်း-ဝ၁-၅၁၆၆၃၉ နှင့် ဝ၉-၄၂ဝဝ၆၉၉ဝ၂ တို့သို့ လည်းကောင်း၊  အမှတ်(၈) အခန်း (၆ဝ၄) ပန်းခြံတာဝါ ဗားကရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့် စမ်းချောင်းမြို့ နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top