စစ်သွေးကြွများကို ပိတ်ဆို့ပေးရန် ပါကစ္စတန် ဝန်ကြီးချုပ်က အာဖဂန် သမ္မတအား တိုက်တွန်း
ပါကစ္စတန်
နိုင်ငံအနေဖြင့် အာဖဂန် နစ္စတန်နိုင်ငံနှင့် နယ်စပ်ဒေသ တစ်လျှောက်ရှိ
တောင်တန်းများတွင် တပ်ဖွဲ့ဝင် များနှင့် တင့်ကားများကို တပ်ဖြန့်၍
စစ်သွေးကြွများအပေါ် ထိုးစစ်ဆင် တိုက်ခိုက် မှု ပြုလုပ်လျက်ရှိရာ ၎င်း
စစ်သွေးကြွများ ထွက်ပြေးနိုင်ခြင်း မရှိစေရေး ပိတ်ဆို့ပေးနိုင် ရန်ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ဇ်ရှာရစ် က အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းထံ အကူ အညီ တောင်းခံခဲ့ကြောင်း သိရသည်။
ပါကစ္စတန် စစ်ဘက်အနေဖြင့် မြောက်ဝါဇီရစ္စတန်
ဒေသရှိ တာလီဘန် စစ်သွေးကြွများ၏ အမာခံနေ ရာများ ဖြစ်သည့် Mir Ali မြို့ရှိ
အခိုင်အမာ နေရာသုံးခုအား ပစ်မှတ်ထား၍ ဇွန် ၁၇ ရက် အစောပိုင်းတွင် လေကြောင်း
ထိုးစစ်ဆင် တိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၁၃ ဦး
သေဆုံးခဲ့ကြောင်း၊ ယခုအခါ သေဆုံးသည့် စစ်သွေးကြွ အရေအတွက်မှာ ၁၉ဝ အထိ
ရှိလာခဲ့ကြောင်း လုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ် သုံးခုက ထုတ်ဖော်
ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံ၏ ကာလရှည်ကြာစွာ
တောင်းဆိုခဲ့မှုကြောင့် ပါကစ္စတန် စစ်ဘက်က ဇွန် ၁၅ ရက်မှ စတင်၍ ထိုးစစ်ဆင်
တိုက်ခိုက်မှု စတင်ခဲ့ကြောင်းနှင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည့်
ကရာချိမြို့ လေဆိပ်တိုက်ခိုက် ခံရပြီး ရက်သတ္တပတ် အကြာတွင် ယခုကဲ့သို့
တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒေသရှိ
စစ်သွေးကြွများ အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုအတွက် စိုးရိမ်ထိတ်လန့်
နေကြောင်းနှင့် ဒေသခံများနှင့် တာဝန်ရှိသူ များ၏ ပြောကြားချက်အရ တာလီဘန်
အဖွဲ့၏ အဓိက ခေါင်းဆောင်ပိုင်းများနှင့် ပြည်ပမှ တိုက်ခိုက်ရေး သမားများသည်
နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင် သွားကြကြောင်း သိရသည်။
ထောင်ပေါင်း များစွာသော ဒေသခံများသည်
အာဖဂန်နစ္စတန် နိုင်ငံ Khost ပြည်နယ် Gorbaz ခရိုင်သို့ နယ်စပ် ဒေသကို
ဖြတ်ကျော်၍ ထွက်ပြေးတိမ်းရှောင် ခဲ့ကြကြောင်းနှင့် ၎င်းတို့အား
စားနပ် ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း
အဆိုပါပြည်နယ် အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mobarez Mohammad Zadran
က ပြောကြားခဲ့သည်ဟု သိရသည်။
No comments:
Post a Comment