ကိုလံဘီယာ သမ္မတ ရွေးကောက် ပွဲတွင် လက်ရှိ သမ္မတ ဂျူအန်မန် နျူရယ်လ်ဆန်တို့စ် အနိုင်ရရှိ
ကိုလံဘီယာ
သမ္မတ ဂျူအန်မန် နျူရယ်လ်ဆန်တို့စ်သည် ဇွန် ၁၅ ရက်က ကျင်းပခဲ့သည့် သမ္မတ
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ၎င်း၏ ဒုတိယအကြိမ်မြောက် သမ္မတ သက်တမ်းကို
ဆက်လက် ထမ်း ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။ ရွေးကောက်ပွဲတွင်
မန်နျူရယ်လ်ဆန်တို့စ်၏ အနိုင်ရရှိမှု သည် ရာစု နှစ်ဝက်ကြာ ဖြစ်ပွားခဲ့သည့်
စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် မာ့စ်ဝါဒီ ပြောက်ကျား တပ်ဖွဲ့နှင့်
ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ လုပ်ဆောင်နေသည့် ၎င်း၏ လက်ရှိ
လုပ်ဆောင်မှု များကို ရှေ့ဆက် လုပ်ဆောင်နိုင်ခွင့် ထပ်မံ ရရှိခဲ့သည်ဟု
သိရသည်။
အသက် ၆၂ နှစ်အရွယ်ရှိ သမ္မတ ဆန်တို့စ်သည်
ကိုလံဘီယာနိုင်ငံ၏ လွှမ်းမိုးမှု အရှိဆုံး မိသားစုများ အနက် တစ်ဦးအပါအဝင်
ဖြစ်သည်ဟု သိရသည်။ ထို့အပြင် ၎င်းသည် မာ့စ်ဝါဒီ ပြောက်ကျားတပ်ဖွဲ့များနှင့်
ကာလ ရှည်ကြာဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးအတွက် အဆိုပါ
ပြောက်ကျားတော် လှန်ရေး တပ်ဖွဲ့(FARC) မှခေါင်းဆောင်များနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ၂ဝ၁၂ ခုနှစ်နောက်ပိုင်းတွင် စတင်လုပ်
ဆောင်ခဲ့သူဖြစ်သည်။ ကိုလံဘီယာနိုင်ငံသည် FARC အဖွဲ့နှင့် ကာလရှည်ကြာ
ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူပေါင်း ၂ဝဝဝဝဝ ကျော် သေဆုံးခဲ့ရပြီး
သန်းပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေး ခဲ့ရသည်ဟု
သိရသည်။
No comments:
Post a Comment