၂၀၁၂ ခုနှစ် ပါတီဗဟိုညီလာခံ၏ ရည်ရွယ်ချက်များနှင့်အညီ ရှေ့လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်မည်
၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၆)ရက်၊ နံနက် ၀၉၀၀ နာရီအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ အနောက်မြင်းပြိုင် ကွင်းလမ်းနှင့် ဆရာစံလမ်းထောင့်၊ အမှတ်(၉၀)ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် မြို့နယ်ပါတီ အတွင်းရေး မှူးများ တွေ့ဆုံပွဲပြုလုပ်သည်။
ယင်းတွေဆုံပွဲသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်လေးခုမှ ခေတ္တပါတီ အတွင်းရေးမှူးများနှင့် ပါတီကော် မတီဝင်များ၊မြို့နယ် အသီးသီးမှ ပါတီအတွင်းရေး မှူးများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်ပါတီ အတွင်းရေးမှူးများမှ ပါတီအထွေထွေ အတွင်းရေးမှူးအား တစ်ဦးချင်း ကိုယ်စီ မိတ်ဆက်ကြပြီး ပါတီအထွေထွေအတွင်းရေးမှူး က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား လူမှုရေးအသင်းမှ နိုင်ငံရေး ပါတီအဖြစ်သို့ ရောက်ရှိသည်အထိ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများ ကိုလည်းကောင်း၊ လူမှုရေးအသင်းမှ နိုင်ငံရေးပါတီအဖြစ်သို့ ကူးပြောင်းခြင်းမှာ အမတေ နိုင်ငံရေးပါတီအဆင့်သာကူးပြောင်းနိုင်ခဲ့သည့်အတွက် အမတေပါတီ အဆင့်မှ ပြည်သူ့ပါတီအဖြစ်သို့ ကူးပြောင်းဆောင်ရွက်ခဲ့မှုကို လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာ ပြည်သူ့ပါတီဖြစ် လာ ည်နှင့်အညီ နိုင်ငံရေးပါတီများ လိုက်နာရမည့် နည်းဥပဒေများအတိုင်း ပါတီ ၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းသို့ ပါတီ၏လုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် ၂၀၁၂ ခုနှစ် ပါတီ ဗဟိုညီလာခံမှ ချမှတ်ထားသော ရည်ရွယ်ချက်များနှင့်အညီ ပါတီ ၏ရှေ့လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တို့ကို အကျယ်တစ်ဝင့် ရှင်းလင်း ပြောကြားပြီး အခမ်းအနားကို ၁၁၃၀ နာရီတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment