Tuesday, June 17, 2014

ပြည်ခိုင်ဖြိုးပါတီ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘိုးဘွားများအား တစ်နေ့တာ အာဟာရ ကျွေးမွေး သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဦးမောင်ရုံး-ဒေါ်ရင် ဘိုးဘွား ရိပ်သာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နှစ်ပတ်လည် အထိမ်း အမှတ်နေ့အဖြစ် ဆရာတော် များအား ဆွမ်းကပ်ခြင်း၊ အဘိုးအဘွားများအား တစ်နေ့တာ အာဟာရ ကျွေးမွေးခြင်း ပြုလုပ်ကြပြီး ဘိုးဘွားရိပ်သာ အတွင်း အပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေစီးရေ လာကောင်းမွန်ရေး ဆောင်ရွက် ခြင်းနှင့် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီခေါင်းဆောင် ၁၂၀ တို့ တက်ရောက်ကြသည့်အပြင် မိတ်ဖက် ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ တောင်သူလယ် သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ မြို့နယ်ခေါင်းဆောင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။


No comments:

Post a Comment

back to top