(၅၁) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲသို့ သတင်း မီဒီယာများ တက်ရောက်နိုင်
(၅၁) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌
ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက် အထိ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
ပြည်တွင်းပြည်ပ သတင်း မီဒီယာများ အနေဖြင့် ဇွန် (၂၄၊ ၂၅၊ ၂၆) ရက်တို့တွင်
အဆိုပါ ပြပွဲသို့ ဝင်ရောက် သတင်းရယူနိုင်မည် ဖြစ်ပြီး ကျန် ရက်များတွင်မူ
ပြပွဲဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ညနေ ၄ နာရီတွင် မဏိ ရတနာ
ကျောက်စိမ်း ခန်းမ အပြင်ဘက်ရှိ Reception House ၌ သတင်း ထုတ်ပြန်
ပေးသွား မည် ဖြစ် သည်။ သို့ဖြစ်၍ သတင်း တက်ရောက် ရယူလိုသည့် ပြည်တွင်းပြည်ပ
သတင်း မီဒီယာများ အနေဖြင့် ဝင်ခွင့် ကတ် ပြုလုပ်နိုင်ရေး အတွက် ဇွန် ၂ဝ ရက်
နောက်ဆုံးထား၍ သတ်မှတ်ပုံစံ ဖြည့်စွက်ကာ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
ပြန်ကြားရေး ဝန်ကြီးဌာန နေပြည်တော်သို့ ပေးပို့ရန်နှင့် သတ်မှတ်
ပုံစံများ အား မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲနှင့် မြန်မာနိုင်ငံ
နိုင်ငံခြား သတင်းထောက်များ အသင်းတို့တွင် ရယူနိုင်ကြောင်းနှင့် အသေးစိတ်
အချက် အလက်များ သိရှိလိုပါက သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
ဖုန်း-ဝ၆၇-၄၁၂၁၂၅၊ ဝ၆၇-၄၁၂၁၂၆ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း
သိရသည်။
No comments:
Post a Comment