Wednesday, June 18, 2014

ကျောင်းဝင်ခွင့်များကို တစ်နေရာတည်းတွင် လေ့လာနိုင်မည့် Global Education Fair 2014 ကျင်းပမည် 

စင်ကာပူ-ယူကေ-အမေရိကန်-သြစတြေးလျ တက္ကသိုလ်များ ပါဝင်သော Global Education Fair 2014 ကို ကမ္ဘာ တစ်ဝန်းရှိ Kaplan တက္ကသိုလ်များနှင့် CROWN Education တို့ ပူးပေါင်း စီစဉ်မှုဖြင့် ဇွန် ၂ဝ ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ လည်းကောင်း၊ ဇွန် ၂၂ ရက်တွင် Hotel Mandalay (စံပယ်ဖြူ ခန်းမ) ၌ လည်းကောင်း နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့တွင် စင်ကာပူ၊ ယူကေ၊ အမေရိကန်၊ သြစတြေးလျ ပညာရေး ကွဲပြား ခြားနားချက်များနှင့် တက္ကသိုလ်များ အကြောင်း၊ International School များမှ ကျောင်းသား၊ ကျောင်းသူများ အတွက် မည်သည့် ပညာရေးစနစ် (အမေရိကန် ပညာရေးစနစ် သို့မဟုတ် အင်္ဂလန် ပညာရေးစနစ်) ဖြင့် သင်ကြားခဲ့သည် ဖြစ်စေ၊ မိမိ နှစ်သက်ရာ နိုင်ငံများသို့ သွားရောက် ပညာသင်ယူနိုင်ရန် ပြင်ဆင်ခြင်းနှင့် SAT ဖြေဆိုရန် မည်သည့် အချိန်တွင် လိုအပ်သနည်း၊ iGCSE ဖြေဆိုရန် လိုအပ်မှု ရှိ၊ မရှိ၊ ဘွဲ့လွန် သင်ယူလိုသူများ အတွက် အကောင်းဆုံး ပညာရေး လမ်းကြောင်းများ စသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးမည် ဖြစ်သည်။
''အခု ပြုလုပ်မယ့် ပြပွဲရဲ့ထူးခြားချက်ကတော့တက္ကသိုလ်ဝင်တန်မအောင်လို့ ဖြစ်စေ၊ နိုင်ငံတကာ ကျောင်းတွေမှာ Grade (9/10) ကလေးတွေ အတွက် နိုင်ငံတကာမှာ ဆက်လက် ပညာ သင်နိုင်မယ့် အခွင့်အရေး အကြောင်းတွေကိုလည်း ဆွေးနွေး တင်ပြသွားမှာ ဖြစ်သလို MBBS ကို နိုင်ငံ တကာမှာ လေ့လာ သင်ယူမယ် ဆိုရင် ရွေးချယ်ရမယ့် ပညာရေး လမ်းကြောင်းများ အကြောင်း၊ နိုင်ငံတကာ  မှာ ကျောင်း တက်ဖို့ ပြည်တွင်းမှာ သင်ယူ ထားသင့်တဲ့ ပညာရေး လမ်းကြောင်းတွေ iGCSE, SAT, ACT, GCE A Level, HND ဒီပလိုမာ အကြောင်းတွေ၊ သူတို့ ဘယ်ဟာကို ရွေးချယ် သင်ယူ သင့်သလဲ ဆိုတဲ့ အကြောင်းတွေကို တက္ကသိုလ်များမှ တာဝန်ရှိသူတွေ ကိုယ်တိုင် လာရောက် ရှင်းလင်း ပြောကြား မှာ ဖြစ်ပါတယ်'' ဟု CROWN Education မှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောကြားသည်။
ယင်း Global Education Fair 2014 ကို အခမဲ့ တက်ရောက်နိုင်ပြီး ပြပွဲ လာရောက်မည့် သူများအား နိုင်ငံတကာ ပညာရေး လမ်းညွှန်၂ဝ၁၄ စာအုပ်များ အခမဲ့ ပေးဝေသွားမည် ဖြစ်ကာ CROWN Education ဖုန်း- ဝ၁-၅၂၇၈၃၈ နှင့် ဝ၉-၇၃၂၇၃၂၇၇ တို့သို့ စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top