Monday, June 2, 2014



သဘာဝဓာတ်ငွေ့ရောင်းချမှုနဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေးခဲ့တဲ့ ယူကရိန်းနဲ့ ရုရှား

ယူကရိန်းနိုင်ငံနဲ့ ရုရှားနိုင်ငံဟာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံ၊ ဘာလင်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ယူကရိန်းခေါင်းဆောင်တွေဟာ ရုရှားနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှု ဖြတ်တောက် တော့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ရုရှားနိုင်ငံ ကို ပေးချေဖို့ရှိနေတဲ့ ဒေါ်လာဘီလီယံနဲ့ ချီတဲ့ အကြွေးတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ပေးချေဖို့ သဘောတူ ညီခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။


ယူကရိန်း၊ ရုရှားနဲ့ ဥရောပသမဂ္ဂ EU ကိုယ်စားလှယ်တွေဟာ သဘာဝဓာတ်ငွေ့တင်ပို့မှုနဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုတွေကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာသောကြာနေ့တုန်းက ပြုလုပ်ခဲ့ကြ တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ပေးချေရမယ့် ဓာတ်ငွေ့အကြွေးဟာ ဒေါ်လာ(၅.၂)ဘီလီယံ ခန့်ရှိတယ်လို့ ရုရှားနိုင်ငံပိုင်   Gazprom သဘာဝဓာတ်ငွေ့ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီဟာ ယူကရိန်းနိုင်ငံက သဘာဝဓာတ်ငွေ့ အကြွေးတွေကို မပေးသေးရင် ဇွန်လကစပြီး ဓာတ်ငွေ့တင်ပို့မှု ကို ဖြတ်တောက် လိုက်တော့မှာ ဖြစ်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

ဒါကြောင့် ယူကရိန်းနိုင်ငံဟာ ဒေါ်လာသန်း(၇၈၀)ကို အရစ်ကျတ၀က်ပေးချေ သွားမယ် လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ (၃)နိုင်ငံက တာဝန်ရှိသူတွေဟာ နောက်ဆက်တွဲဆွေးနွေးပွဲကို တနင်္လာနေ့မှာ ဆက်လက်ကျင်းပဖြစ်ပါတယ်။ အီးယူမှရင်ကြားစေ့ သံတမန်ဖြစ်သူ Guenther Oettinger " ဂူအန်သာအော့တင်ဂါ "ဟာ ကိဗ်မြို့ကနေ ပေးချေရပြီးပြီဆိုတာကို အတည်ပြုပြီးတာနဲ့ ယူကရိန်းနိုင်ငံကို ဓာတ်ငွေ့ဆက်လက်ပြီး ပို့လွှတ်သွားမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံ တာဝန်ရှိသူတွေ ပြောကြားထားပါတယ်။  

 

No comments:

Post a Comment

back to top