Friday, June 20, 2014

ကင်မရွန်းကိုနိုင်လို့ ခရိုအေးရှား ပရိသတ်တွေ အောင်ပွဲခံကြ






ဗုဒ္ဒဟူးနေ့က ဘရာဇီးလ်နိုင်ငံ မာနာအူမြို့မှာ ကစားတဲ့ ကမ္ဘာ့ဖလား အုပ်စု(A)ပွဲစဉ်မှာ ခရိုအေးရှားက ကင်မရွန်းကို (၄)ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားလို့ ခရိုအေးရှား ပရိသတ်တွေ အောင်င်္ပွဲခံကြပါတယ်။

အမေဇုန်ဒေသက မြို့ဖြစ်တဲ့ မာနာအူမြို့လမ်းတွေပေါ်မှာ ခရိုအေးရှား ပရိသတ်တွေဟာ သူတို့အလံတွေ ဝှေ့ရမ်းပြီး သူတို့အမျိုးသားသီချင်းကို သီဆိုရင်း ကခုန်ပျော်ရွှင်နေကြပါတယ်။ ခရိုအေးရှား အမျိုးသမီး ပရိသတ် ဗာနီယာကိုဆူတစ်က "အရမ်း စိတ်လှုပ်ရှားရတယ်။ ဂုဏ်လည်း ယူပါတယ်"လို့ ပြောပါတယ်။ ခရိုအေးရှားပရိသတ် စတန်ကိုစတီပစ်က "ကျွန်တော်တို့ နောက်ပွဲမှာ မက္ကဆီကို နိုင်လိုက်ရင် ဘာမဆို ဖြစ်နိုင်သွားပြီ။ ဗိုလ်လုပွဲတောင် ရောက်နိုင်ပါတယ်"လို့ ပြောပါတယ်။ ကင်မရွန်းပရိသတ် ဂျင်းရောဘတ်ကတော့ "အရမ်းစိတ် ပျက်သွားတယ်။ ကျွန်တော်တို့ သရေနဲ့အနိုင်ပဲလို့ မှန်းထားတာ။ ဒီလောက် ဂိုးပြတ် ရှုံးမယ်လို့ ထင်ကိုမထင်တာပါ"လို့ ပြောပါတယ်။ကင်မရွန်း ပရိသတ် ဘလေ့မိုအာဖိုက "အသင်း အခြေအနေမှန်ကို ပြန်ဆန်းစစ်ရမယ့် အချိန်ပါပဲ။ ပြန်တည်ဆောက်ဖို့ လိုရင်လည်း ဒီပြိုင်ပွဲအပြီးမှာ လုပ်သင့်ပါတယ်"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top