အဲဂွန် တင်းနစ်ပြိုင်ပွဲ အမျိုးသား ချန်ပီယံဆုကို ဒီမီထရော့ ရရှိ
တနင်္ဂနွေနေ့က အင်္ဂလန် ဘာမင်ဂမ်မြို့မှာ ကျင်းပပြီးစီးတဲ့ အဲဂွန်တင်းနစ်ပြိုင်ပွဲမှာ အမျိုးသား ချန်ပီယံဆုကို အသက်(၂၃)နှစ်အရွယ် ဘူဂေးရီးယား တင်းနစ်သမား ဒီမီထရော့ ရရှိသွားပါတယ်။
အမျိုးသား ဗိုလ်လုပွဲမှာ ဒီမီထရော့က စပိန်တင်းနစ်သမား ဖီလီစီယာနိုလိုပက်ကို (၆း၇၊၇း၆၊၇း၆)နဲ့ အနိုင်ရ ဗိုလ်စွဲတာ ဖြစ်ပါတယ်။ ဒီမီထရော့ဟာ ၀င်ဘယ်ဒန် အငယ်တန်း ချန်ပီယံဆုကို ရထားတဲ့ လူငယ်တင်းနစ်သမားပါ။ ဒီနှစ်ထဲမှာတော့ သူဟာကွင်း မျက်နှာပြင်မတူတဲ့ ပြိုင်ပွဲ(၃)မျိုးမှာ အောင်ပွဲခံနိုင်တဲ့ ပထမဆုံး တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီမီထရော့ဟာ မြက်ခင်းကွင်းဖြစ်တဲ့ အဲဂွန်ပြိုင်ပွဲမှာ ဗိုလ်မစွဲခင်မှာ ကွင်းမာဖြစ်တဲ့ အကာပူကို ပြိုင်ပွဲနဲ့ ရွှံ့စေးကွင်းဖြစ်တဲ့ ဘူခါရက်ပြိုင်ပွဲတို့မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
No comments:
Post a Comment