ပြည်သူ့ပါတီ မဟာဗျူဟာ ဖေါ်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲပြုလုပ်
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာ ဖေါ်ဆောင်ရေး ဆင့်ပွား သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲကို ဇွန်လ (၁၄)ရက် နံနက် (၈) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၃) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်း ထောင့်ရှိ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သည်။
ယင်းသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန် တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး ဦးကျော်စိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီ အတွင်းရေးမှူး ဦးစိန်မြင့် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် (၁၄) မြို့နယ်မှ ပါတီအတွင်းရေးမှူးများနှင့် သင်တန်းသား/သူ ကော်မတီဝင်များ စုစုပေါင်း (၁၀၈) ဦးတက် ရောက်သည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်မှ အဖွင့်အမှာ စကားပြောကြား ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖြွံ့ဖိုးရေးပါတီမှာ မူလ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဟူသည့် လူမှုရေးအသင်းကို အခြေခံ၍ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ လူမှုရေး အသင်းကာလ လှုပ်ရှားဆောင်ရွက်မှုများနှင့် နိုင်ငံရေးပါတီကာလ လှုပ်ရှား ဆောင်ရွက်မှုများမှာ ပုံသဏ္ဍန်နှင့် အနှစ်သာရ မတူကြောင်း၊ နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်း ပြီးသည့်အချိန်မှစ၍ မိမိတို့ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပြည်သူ့ပါတီအဖြစ် ပြည်သူမှ လက်ခံလာစေ ရေးအတွက် ဆောင်ရွက် လာခဲ့ကြောင်း၊ ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ပါတီဝင် အသီးသီးတွင် တာဝန်ရှိသည်ဟု ခံယူချက်ထားပြီး မိမိပါတီအပေါ် စိတ်ရင်းစေတနာ ကောင်းဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သင်တန်း မှ ပို့ချလိုက်သော ဘာသာရပ်များ ကို လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်ပြီး မိမိတို့ပါတီကို ပြည်သူ့ပါတီအဖြစ် ပြည်သူများက လက်ခံယုံကြည် လာအောင် ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းနည်းပြများ၏ ပို့ချဆွေးနွေးချက် များကို အလေးအနက်ထား၍ လိုက်နာမှတ်သားကြရန် တို့ကို အကျယ်တစ်ဝင့် မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် သင်တန်းတက်ရောက်မည့် မြို့နယ်အသီးသီးမှ ပါတီကော်မတီဝင် များကို ဗဟိုကော် မတီဝင် ဦးတင်အောင်နှင့် တာဝန်ရှိသူများ ရင်းနှီးစွာ နှုတ်ဆက် ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း၊ ပြည်သူ့ပါတီ မဟာဗျူဟာ ဖေါ်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၂)သို့ သင်တန်းသား/သူ စုစုပေါင်း (၈၈) ဦးတက်ရောက်ကြောင်း၊ သင်တန်း ကာလမှာ ရက်သတ္တ နှစ်ပတ် (စနေ/တနင်္ဂနွေ)လေးရက် ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း လက်တွေ့ ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည် ။
No comments:
Post a Comment