ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကို ကြိုးပမ်းနေ သည့် ယူုကရိန်းသမ္မတ
ယူကရိန်းသမ္မတ "ပတ်ထရိုပေါ်ရိုရှန်ကို" ဟာယူကရိန်းနိုင်ငံအရှေ့ပိုင်းက ပဋိပက္ခဖြစ်ပွားမှုကို အဆုံး သတ်ဖို့ရည်ရွယ်ပြီး မူဝါဒ(၁၄)ချက်ပါငြိမ်းချမ်းရေးလမ်းစဉ် ကို ဆောင်ရွက် ဖို့သောကြာနေ့ မှာ
ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။ "ပေါ်ရှန်ကို"ရဲ့
ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်မှာ ယူကရိန်းအစိုးရ စစ်တပ်နဲ့ ရုရှားလိုလားသူ
စစ်သွေးကြွတွေအကြား ကြေညာထားပြီးဖြစ်တဲ့ ကမ်းလှမ်းချက်အပါအ၀င် အနည်းဆုံး
သဘောတူညီချက်(၁၄)ချက် ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုးပြုလုပ်ရတာဟာ ရုရှားလိုလားသူစစ်သွေးကြွတွေ
လက်နက်ချသဘောတူညီရေးနဲ့ ပြင်းထန်တဲ့စစ်ကျူးကျော်မှုတွေကို
မပြုလုပ်ဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်ယူကရိန်းအစိုးရကလည်း ရုရှားစစ်သုံ့ပန်း တွေကို
လွတ်ငြိမ်းခွင့်ပေးမယ်လို့ လည်း ကြေညာထားပါတယ်။ ဒီငြိမ်းချမ်းရေးလမ်းစဉ်အရ
နိုင်ငံတွင်းဒေသခံအာဏာပိုင်တွေကို အာဏာတိုးမြှင့်ပေးဖို့နဲ့
ရုရှားဘာသာစကားကိုအသုံးပြုဖို့ ၀န်ခံကတိပြုထားတယ်လို့လည်း သိရပါတယ်။
ဒီအချက်ဟာ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေရဲ့
လိုအပ်ချက်နဲ့တောင်းဆိုချက်တွေကို အလေးအနက် ဆင်ခြင်သုံးသပ်ခဲ့တာဖြစ်ပြီး
အစိုးရကလည်း ဒေသတွင်းအလုပ်အကိုင်ဖြစ်ထွန်းရေးကို ကြိုးပမ်း လုပ်ဆောင် ဖို့
ကတိပြုခဲ့တယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ"ပတ်ထရိုပေါ်ရိုရှန်ကို"ဟာ
ရုရှားသမ္မတ "ဗလာဒီမာတူတင်"၊ ပြင်သစ်သမ္မတ"ဖရန်ဆွာဟော်လန်"နဲ့
ဂျာမနီဝန်ကြီးချုပ်"အန်ဂျလာ မာကယ်"တို့ကို အင်္ဂါနေ့ကဖုန်းဆက်ပြောကြားခဲ့ပြီး
သူတို့ရဲ့သဘောတူထောက်ခံမှုကို ရယူဖို့ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့
သိရပါတယ်။ အင်အားကြီးနိုင်ငံ(၇)နိုင်ငံကလည်း
ရုရှားလိုလားတဲ့စစ်သွေးကြွတွေကို စစ်ကျိုးကျော် မှုတွေကို ရပ်တန့်ပေးဖို့
တိုက်တွန်းပြောကြားခဲ့ပေမယ့် ရုရှာလိုလားသူ စစ်သွေးကြွတွေအနေနဲ့
တစ်စုံတစ်ရာတုန့်ပြန်ခြင်း မရှိသေးတာကို စောင့်ကြည့်နေရတယ် လို့သိရပါတယ်။
No comments:
Post a Comment