ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Mr. ANDREW PATRICK နှင့်အဖွဲ့ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Mr. ANDREW PATRICK နှင့်အဖွဲ့ ၀င် (၃) ဦးပါ အဖွဲ့သည် ဇွန်လ (၂၆) ရက် နေ့လည် (၃) နာရီ အချိန်တွက် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့် ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Mr. ANDREW PATRICK နှင့်အတူ အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို တိုးတက်စေနိုင်ပြီး လူမှုစီးပွား မြင့်မားတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာ များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Mr. ANDREW PATRICK အား အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment