Friday, June 20, 2014

Teen Choice 2014 ဆုပေးပွဲ အခမ်းအနား သြဂုတ်လတွင် ကျင်းပမည် 

FOX သတင်းဌာနမှ သြဂုတ် ၁ဝ ရက်တွင် တိုက်ရိုက် ထုတ်လွှင့် ပြသမည့်  Teen Choice 2014 ဆုပေးပွဲအတွက် လျာထား စာရင်းတွင် တေးလာဆွစ်ဖ်၊ ဂျက်စတင်တင်းဘားလိတ်ခ်၊ One Direction အဖွဲ့နှင့် ဘီယွန်းစေးတို့က ထိပ်ဆုံးနေရာမှ ရပ်တည် လျက်ရှိသည်ဟု သိရ သည်။
Teen Choice 2014 ဆုပေးပွဲတွင် တေးဂီတ၊ ရုပ်ရှင်၊ ရုပ်သံ၊ ဖက်ရှင်နှင့် အခြားကဏ္ဍများ၌ အောင်မြင်မှု ရှိသည့် ပုဂ္ဂိုလ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆုချီးမြှင့်သွားမည် ဖြစ် ကြောင်း သိရသည်။ တေးလာဆွစ်ဖ်သည် အမျိုးသမီး အနုပညာရှင်ဆုနှင့် ကန်းထရီး အနုပညာရှင် ဆုများအတွက် လျာထား ခံထားရပြီး One Direction အဖွဲ့မှာ အဖွဲ့လိုက် တေးဂီတဆုနှင့် အမျိုးသား ဖက်ရှင်ဆု တို့အတွက် လျာထား ခံထားရသည်ဟု သိရသည်။
ထို့ပြင် ဘီယွန်းစေးသည် အမျိုးသမီး အနုပညာရှင်ဆုနှင့် အမျိုးသမီး ဖက်ရှင်ဆုတို့တွင် လျာထား ခံရပြီး ဂျက်စတင် တင်းဘားလိတ်ခ်မှာ အမျိုးသား အနုပညာရှင်ဆု၊ R & B နှင့် Hip-Hop အနုပညာရှင် ဆုတို့ အတွက် လျာထားခြင်း ခံရသည်ဟု သိရသည်။

 

No comments:

Post a Comment

back to top