Wednesday, May 28, 2014

Samsung မှ ကိုယ်ပိုင် နည်းပညာ အသုံးပြုထားသော စမတ်နာရီ ထုတ်လုပ်မည် 

ယခုနှစ် နွေဦးရာသီတွင် OS စနစ်ကအစ ဖုန်းတစ်ခုလုံး ကိုယ်ပိုင်နည်းပညာ အသုံးပြုထားသည့် စမတ်ဖုန်း တစ်မျိုးအား Samsung မှ ထုတ်လုပ်သွားရန် ရှိကြောင်း Wall Street Journal တွင် ဖော်ပြထားသည်။
ယခုအခါ စမတ်နာရီများမှာ မထူးဆန်းတော့သော်လည်း ဈေးကွက်တွင် ခေတ်စားလျှက်ရှိသော စမတ်နာရီ အများစုသည် ၄င်းတို့၏ လုပ်ဆောင်ချက်များ အပြည့်အ၀ ရရှိနိုင်ရန် စမတ်ဖုန်းများနှင့် ချိတ်ဆက် အသုံးပြုရန် လိုအပ်ကြသည်။ Samsung မှ ထုတ်လုပ်မည့် စမတ်နာရီမှာမူ ကိုယ်ပိုင် ဆင်းမ်ကဒ် ပါဝင်ကာ ဖုန်းနာရီကဲ့သို့ မည်သည့် ကိရိယာ၏ အကူအညီမျှ မလိုအပ်ပဲ ကိုယ်တိုင်လုပ်ဆောင် နိုင်စွမ်းရှိမည့် အမျိုးအစား ဖြစ်ကြောင်း WSJ သတင်းတွင် ဖေါ်ပြထားသည်။ ၄င်းစမတ် နာရီဖြင့် ဓါတ်ပုံများ ရိုက်ယူခြင်း ၊ အီးမေးလ်များ ပေးပို့လက်ခံခြင်းတို့ ဆောင်ရွက်နိုင်ပြီး GPS ၊ Bluetooth နှင့် နှလုံးခုန်နှုန်း တိုင်းတာနိုင်မည့် စနစ်များ တစ်ပါတည်း ပါရှိမည်ဟု ဆိုသည်။

http://dailydigestnews.com/2014/05/samsung-to-release-standalone-smartwa...



 

No comments:

Post a Comment

back to top