ပညာရေး မှတ်တမ်းကြေး ၅ ဒေါ်လာ မတတ်နိုင်သဖြင့် အမေ ရိကန် ပြည်ထောင်စုမှ အဘွားအို နှစ်ပေါင်း ၇၅ နှစ်ကြာမှ ဘွဲ့ရရှိ
အမေရိကန်
ပြည်ထောင်စု မိန်းပြည်နယ်မှ အသက် ၉၉ နှစ်အရွယ် အဘွားအို တစ်ဦးသည် ပညာရေး
မှတ်တမ်းကြေး အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ မတတ်နိုင်သဖြင့် နှစ်ပေါင်း ၇၅
နှစ်ကြာမှ ဘွဲ့ရရှိ ခဲ့ကြောင်း သိရသည်။
ဂျက်ဆီဝှိုက် အမည်ရှိ အဆိုပါ အဘွားအိုကို
ဘန့်ဂါမြို့ရှိ Beal ကောလိပ်၌ ၎င်းကောလိပ်မှ ဥက္ကဋ္ဌ အာလန်စတေဟဲ ကြီးမှူး
ကျင်းပသော အထူး အခမ်းအနား တစ်ခုတွင် ဘွဲ့အပ်နှင်း ခဲ့ကြောင်း သိရသည်။
ဘွဲ့အပ်နှင်းခံရသည့် အဆိုပါ အထူး
အခမ်းအနားက မိမိအတွက် အံ့သြပျော်ရွှင်စရာ ဖြစ်စေခဲ့ကြောင်း ဝှိုက်က အေဘီစီ
သတင်း ဌာနသို့ ပြောကြားခဲ့သည်။ ဝှိုက်သည် အဆိုပါ ဘွဲ့ကို ၁၉၃၉ ခုနှစ်တွင်
လက်ခံရရှိရမည် ဖြစ်သော်လည်း ပညာရေး မှတ်တမ်းကြေး အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ
မတတ်နိုင်ခဲ့သဖြင့် ဘွဲ့မရရှိခဲ့ကြောင်း၊ ယင်းနောက် သူမ၏ အခြေအနေကို
မိတ်ဆွေတစ်ဦး ဖြစ်သူ Beal ကောလိပ်မှ ဥက္ကဋ္ဌ အာလန်စတေဟဲက သူမ၏ ငွေကြေး
အခက်အခဲကို ဖြေရှင်းပေးခဲ့ပြီး ဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို
ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ ဝှိုက်သည် လက်ရေးတိုနှင့် စာရင်းကိုင်
ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ခြင်း ဖြစ်သည်။ ဝှိုက်သည် အကြောသေ ရောဂါကို
ခံစားနေရ သော်လည်း နှစ်ပေါင်းများစွာ ကြာအောင် စာရင်းကိုင် အဖြစ် အလုပ်
လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ မည်သည့် အခြေအနေ မျိုးတွင်မဆို သင်ယူခြင်းကို
စွန့်လွှတ်မည် မဟုတ်ကြောင်း ဝှိုက်က အေဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
No comments:
Post a Comment