တောင်ဆူဒန်နိုင်ငံသမ္မတ ဆယ်ဗာခါနဲ့ သူပုန်ခေါင်းဆောင်  " ရိမက်ခါတို " တို့ဟာ ငါးလကြာ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့တယ်လို့ သိရပါတယ်။အီသီယိုးပီးယားနိုင်ငံမြို့တော် အက်ဒစ်အဘာဘာမှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေတစ်ဆင့် တောင်ဆူဒန်သမ္မတ ဆယ်ဗာခါနဲ့ သူပုန်ခေါင်းဆောင် " ရိမက်ခါတို " တိုဟာ (၅)လကြာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို သောကြာနေ့နှောင်းပိုင်းမှာ ရရှိခဲ့တယ်လို့ သိရပါတယ်။ သဘောတူညီချက်မှာ အီသီယိုးပီးယားဝန်ကြီးချုပ်လည်း ပါဝင်လက်မှတ်ရေး ထိုးခဲ့ ပါတယ်။


ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့ ရွေးကောက်ပွဲအသစ် မပြုလုပ်ခင်မှာ ကြားဖြတ်အစိုးရကို ဖွဲ့စည်းရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ကြားဖြတ်အစိုးရ အုပ်ချုပ်ရေးကို ဘယ်သူကဦးဆောင်မယ်ဆိုတဲ့ အချက်ကတော့ ရှင်းရှင်းလင်းလင်း မထွက်ပေါ်သေးဘူးလို့ သိရပါတယ်။

မစ္စတာခါနဲ့ မစ္စတာမာခါတို့ဟာ နှစ်ဖက်စလုံးက တပ်ဖွဲ့တွေကို အပစ်အခတ်ရပ်စဲဖို့နဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေပေးမယ့် သူတွေကိုလည်း နိုင်ငံတွင်းကိုဝင်ဖို့ အပစ်အခတ်ရပ်စဲဖို့နဲ့ အမိန့်ပေး လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ တောင်ဆူဒန် နိုင်ငံဟာ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ရှိ နေပြီး အကူအညီတွေ လိုအပ်နေတဲ့ လူဦးအရေအတွက်ဟာ (၅)သန်း ခန့်ရှိတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါသည်။