ချန်ပီယံဆုကို ပိုင်ဆိုင်ရန် ထိုက်တန်ကြောင်း မန်စီးတီးအသင်း နည်းပြ ပြောဆို
မန်စီးတီးအသင်း နည်းပြ ပယ်လီဂရီနီက ၎င်းတို့အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ကစားထားနိုင်ခဲ့သောကြောင့် ချန်ပီယံဆုကို ရရှိခြင်းမှာ ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။ နောက်ဆုံး ၃ နှစ် အတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ နည်းပြ ပယ်လီဂရီနီက မိမိတို့အသင်းအနေဖြင့် ယခုရာသီ ကာလတစ်လျှောက်လုံး အကောင်းဆုံး ကစားထားနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
No comments:
Post a Comment