Monday, May 12, 2014



ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းမှာ ကျင်းပခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲ

ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေဟာ တနင်္ဂနွေနေ့ မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရှိဖို့အတွက် ပြည်သူ့ ဆန်္ဒခံယူပွဲကို ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်း ဒေသမှာရှိတဲ့ ဒွန်နက်စ်ခ်နဲ့ လူဟန့်စ်ခ်မြို့တွေမှာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက်(၈)နာရီမှာ ကျင်းပ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။


ဒီဆန္ဒခံယူပွဲကနေ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်ချုပ်ခွင့် ရရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ မဲပေးသူတွေဟာ ကိုယ့်ရဲ့ဒေသကို လွတ်လပ်တဲ့ ပြည်နယ်တစ်ခု အနေနဲ့ နေလိုလား ဆိုတဲ့ မေးခွန်း ကို နေလိုတယ်၊ မနေလိုဘူးလို့ပဲ ပြန်ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမဲပေးမှုဟာ သီးခြားရပ် တည်ပြီး လွတ်လပ်တာမျိုး၊ ဒါမှမဟုတ် ယူကရိန်းနိုင်ငံလက်အောက်ကနေ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့အတွက် ကျင်းပတဲ့ မဲပေးပွဲလားဆိုတောတော့ မကွဲပြားဘူးလို့ သိရပါသည်။

 

No comments:

Post a Comment

back to top