(၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး
အပြီးတွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များက နေပြည်တော် ကြေညာချက်ကို ထုတ်ပြန်
ယနေ့ ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံ
ထိပ်သီးအစည်းအဝေး အပြီးတွင် အာဆီယံနိုင် ငံ ခေါင်းဆောင်များက နေပြည်တော် ကြေညာချက်ကို
ထုတ်ပြန် လိုက်သည်။
အဆိုပါ ကြေညာချက်တွင် အာဆီယံ အဖွဲ့ဝင်
နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊
ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့မှ နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့
အကြီးအကဲများသည် ၂ဝ၁၄ ခုနှစ် မေ ၁၁ ရက်က မြန်မာနိုင်ငံ နေပြည်တော်တွင် (၂၄) ကြိမ်မြောက်
အာဆီယံ ထိပ်သီး အစည်းအဝေး၌ တွေ့ဆုံခဲ့ကြပြီး တန်းတူရည်တူ မိတ်ဖက် စိတ်ဓာတ်ဖြင့် အရှေ့တောင် အာရှ
ဒေသအတွင်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် အတွက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်
ချမ်းသာကြွယ် ဝရေး တို့ကို အထောက်အကူ ပြုစေရန် ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ချမှတ်ခဲ့သော
ဗန်ကောက် ကြေညာစာတမ်းကို ထပ်လောင်း အတည်ပြုခြင်းဖြင့် လည်းကောင်း၊ အာဆီယံ ပဋိညာဉ်ပါ
ရည်ရွယ် ချက်နှင့် ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာခြင်းဖြင့် လည်းကောင်း၊ အာဆီယံ ရည်မှန်းချက် ၂ဝ၂ဝ (၁၉၉၇)၊ အာဆီယံ သဘောတူညီချက်
(၂ဝဝ၃)၊ အာဆီယံ အသိုက်အဝန်း တိုးမြှင့် တည်ဆောက်ရေး ဆိုင်ရာ စီဘူး သဘောတူညီချက်၊ အာဆီယံ
အသိုက်အဝန်းဆိုင်ရာ ကြေညာစာတမ်း၊ ဘာလီ သဘောတူ ညီချက် (၃)၊အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး
ဆိုင်ရာ ဖနွမ်းပင် သဘော တူညီချက်၊ ၂ဝ၁၅ အလွန် အာဆီယံ အသိုက်အဝန်း ဆိုင်ရာ ကြေညာစာတမ်း
တို့ကို ထပ်လောင်း အတည်ပြု၍ လည်းကောင်း၊ အာဆီယံ အသိုက်အဝန်း ဆိုင်ရာ လမ်းပြမြေပုံ
(၂ဝဝ၉-၂ဝ၁၅) အကောင် အထည် ဖော်ရေးနှင့် အာဆီယံ ကြေညာချက်များ၊ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များက
ချမှတ်ခဲ့သော လုပ်ဆောင် ချက်များကို ကြိုဆိုခြင်းဖြင့် လည်းကောင်း၊ အာဆီယံ အသိုက်အဝန်းကို
၂ဝ၁၅ ခုနှစ်တွင် တည်ထောင်နိုင်ရန် အရေးတကြီး လိုအပ် ကြောင်းကို အသိအမှတ် ပြုခြင်းဖြင့်
လည်းကောင်း၊ အာဆီယံ အသိုက်အဝန်း၏ အောင်မြင်မှု၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးရေး
ကွာခြားမှုကို လျှော့ချခြင်း၊ အာဆီယံ နိုင်ငံများအကြား ပေါင်းစည်းရေး တိုးမြှင့်ခြင်း၊
ဘုံအကျိုးနှင့် ပြဿနာများကို အချိန်မီ ကိုင်တွယ်ခြင်း တို့ဖြင့်သာ အကောင်အထည် ဖော်နိုင်
သည်ဆိုသည့် အချက်ကို အလေးထား၍ လည်းကောင်း၊ ၂ဝ၁၅ အလွန် အာဆီယံ အသိုက်အဝန်း ရည်မှန်းချက်
အကောင်အထည် ဖော်မှုကို ထောက်ခံ၍ လည်းကောင်း၊ ဆောင်ရွက်ဆဲ စီမံချက်များကို အကောင်အထည်ဖော်၍
အာဆီယံ ပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးမှု ကွာခြားမှု လျှော့ချရေး တို့ကို ဆက်လက် အကောင်အထည်
ဖော်ရန် ထပ်လောင်း သန္နိဋ္ဌာန်ချ၍ လည်းကောင်း၊ အာဆီယံဦးဆောင် လုပ်ငန်းစဉ်များမှ နေ၍ မိတ်ဖက်
အားလုံးနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုကို ထပ်လောင်း အတည်ပြုခြင်းဖြင့်
လည်းကောင်း၊ နိုင်ငံရေးအရ စည်းရုံးသော၊ စီးပွားရေး အရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်သိသော
အာဆီယံ အသိုက်အဝန်းကို အကောင် အထည် ဖော်ရန်နှင့် အာဆီယံ နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှု တို့၏ အရေးပါမှုကို အသိ အမှတ်ပြု၍
လည်းကောင်း အောက်ပါတို့ကို သဘောတူညီ ခဲ့ကြသည်-
( ၁) ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ညီညွတ်ရေး၊
ချမ်းသာ ကြွယ်ဝရေး တို့ကို ထိန်းသိမ်း မြှင့်တင် ရာတွင် အာဆီယံ ပေါင်းစည်းမှု၊ ညီညွတ်မှုနှင့် အာဆီယံ၏ အဓိက အခန်းကဏ္ဍ တို့ကို မြှင့်တင်ရန်။
( ၂) စည်းကမ်းရှိ၍ ညီညွတ်မျှတသော လူ့အဖွဲ့အစည်းကို
တိုးမြှင့် ဖြစ်ပေါ်စေရန် အာဆီယံ နိုင်ငံတို့၏ အခွင့် အရေးနှင့် တာဝန်များကို တန်ဖိုးထား၍
ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်မှုတို့ကို
ထိန်းသိမ်း မြှင့်တင်ရန် အတွက် အာဆီယံ နိုင်ငံများ အကြား ပိုမိုနီးကပ်စွာ ပူးပေါင်း
ဆောင်ရွက်ရန်။
( ၃) နိုင်ငံတကာ အသိအမှတ်ပြု စည်းမျဉ်း ဥပဒေများနှင့်အညီ
အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေ ရှာဖွေ ရေး အပါအဝင် နိုင်ငံတကာ ဆက်ဆံရေး နည်းဥပဒေများကို
မြှင့်တင် ထောက်ခံသွားရန်။
( ၄) ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့
အတွက် အာဆီယံ ပဋိညာဉ် အပါအဝင် အခြား သော အာဆီယံဆိုင်ရာ ကြေညာချက်၊ သဘော တူညီချက်များတွင်
ဖော်ပြထားသော စံနှုန်းများ၊ ပြဋ္ဌာန်းချက် များနှင့် တန်ဖိုးများကို တိုးမြှင့် ဝေမျှကြရန်။
( ၅) အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးဆိုင်ရာ
ဘာလီ သဘောတူညီချက် များနှင့်အညီ ချမှတ်ထားသော ဒေသဆိုင်ရာ မူဘောင်ကို သုံးသပ်၍ အင်ဒိုနီးရှားနိုင်ငံမှ
အဆိုပြု တင်ပြထားသော အင်ဒို-ပစိဖိတ် မူဝါဒကို ကြိုဆိုရန်။
( ၆) ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေး
ဆိုင်ရာ အာဆီယံ၏ လုပ်ဆောင်ချက် များကို တိုးမြှင့်ရန်။
( ၇) တောင်တရုတ်ပင်လယ် သဘောတူညီချက် ဆိုင်ရာ ကြေညာချက်ကို
နိုင်ငံတကာ အသိအမှတ်ပြု စည်း မျဉ်းများနှင့် နိုင်ငံတကာ ဥပဒေတို့နှင့် အညီ အကောင်အထည်
ဖော်ရာတွင် ပူးပေါင်း ပါဝင်မှုကို တိုးမြှင့်ပေးရန်။
( ၈) နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံများနှင့်
နီးကပ်စွာ ပူးပေါင်း၍ အရှေ့တောင် အာရှ နျူကလီး ယား ကင်းမဲ့ဇုန် တည်ထောင်ရေး စာချုပ်ကို
စောစီးစွာ လက်မှတ် ထိုးနိုင်ရန်။
( ၉) အာဆီယံ ဦးစီးဦးဆောင်ပြုသော လုပ်ငန်းစဉ်များမှ
တစ်ဆင့် ဒေသဆိုင်ရာ ပုံဖော်မှုတွင် အာဆီယံ၏ အရေး ပါမှုကို မြှင့်တင်ရန်။
(၁ဝ) အာဆီယံ အသိုက်အဝန်း (၂ဝဝ၉-၂ဝ၁၅) လမ်းပြမြေပုံ လုပ်ငန်းစဉ်များ
အကောင်ထည် ဖော်မှုကို အရှိန် မြှင့်တင်ရန်။
(၁၁) အာဆီယံ တစ်နိုင်ငံချင်း တွေ့ကြုံရလျက်ရှိသော အခက်အခဲများကို
ဖော်ထုတ်နိုင်ရန် အတွက် အာဆီ ယံ နိုင်ငံများ၏ လေ့လာ ဆန်းစစ်နိုင်စွမ်းကို တိုးမြှင့်
တည်ဆောက်ရန်။
(၁၂) ၂ဝ၁၅ လွန် အာဆီယံ အသိုက်အဝန်း ရည်မှန်းချက်ကို
Bandar Seri Begawan Declaration နှင့် အညီ အကောင်အထည် ဖော်ရန်။
(၁၃) အာဆီယံ လုပ်ငန်းစဉ်များ တိုးချဲ့ရန်၊ အာဆီယံ အဖွဲ့ဝင်
တိုးချဲ့ရန်၊ ပထဝီ နိုင်ငံရေး၊ စီးပွားရေး တိုးတက်ရန်နှင့် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှု
အပေါ် စိတ်ဝင်စားမှု တိုးမြှင့်ရန်တို့ကို ထည့်သွင်း စဉ်းစား၍ အာဆီယံ၏ အဖွဲ့အစည်းများနှင့်
လုပ်ငန်းစဉ်များ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ရန်။
(၁၄) မိတ်ဖက် နိုင်ငံများအပြင် အခြား ပြင်ပနိုင်ငံများနှင့်
ထိတွေ့ ဆက်ဆံမှု တိုးမြှင့်နိုင်ရန် အာဆီယံ၏ နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ နည်းလမ်းများကို
ဆက်လက် တိုးမြှင့်ရန်။
(၁၅) ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှု၊
ကျွမ်းကျင်လုပ်သားနှင့် ငွေကြေးတို့ ပိုမို လွတ်လပ် စွာ စီးဆင်း စေနိုင်မှု အပါအဝင် တစ်ခုတည်းသော
အာဆီယံ ဈေးကွက်နှင့် ထုတ်လုပ်မှု အခြေခံဆိုင်ရာ စီမံချက် များကို အကောင်အထည် ဖော်ရန်။
(၁၆) ဒေသတွင်း ကူးသန်း ဆက်သွယ်ရေးဆိုင်ရာ စီမံချက်များ
အကောင်အထည် ဖော်ရေးအတွက် ပူးပေါင်း လုပ်ဆောင်ကြရန်။
(၁၇) Master Plan on ASEAN Connectivity လုပ်ငန်းစဉ်မှ
တစ်ဆင့် ဒေသတွင်း ကူးသန်း ဆက် သွယ် ရေးကို တိုးမြှင့် တည်ဆောက်ရန်။
(၁၈) မူဝါဒနှင့် စည်းမျဉ်း စည်းကမ်းများကို မြှင့်တင်ပေးခြင်းဖြင့်
အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်း ကို မြှင့် တင်ရန်။
(၁၉) စီးပွားရေး ပေါင်းစည်းမှု၊ AFEED စီမံချက်နှင့်
SMEs နှင့် လုပ်ငန်းရှင်တို့၏ အကျိုး စီးပွား ကို မြှင့်တင် ပေးခြင်းဖြင့် စီးပွားရေး
တိုးတက်မှု အညီအမျှ ဖြစ်ပေါ်စေရန်။
(၂ဝ) နည်းပညာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတို့ကို
ဆက်လက် တိုးမြှင့်ခြင်းဖြင့် IAI Work Plan II အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်ကို
အရှိန် မြှင့်တင်ရန်။
(၂၁) ဒေသတွင်း ဘုံအကျိုးစီးပွား တိုးမြှင့်စေရန် အတွက်
အာဆီယံ၏ နိုင်ငံတကာ စီးပွားရေး ပေါင်းစည်း မှုကို အားဖြည့်ရန်။
(၂၂) အာဆီယံ နိုင်ငံများ အတွင်းနှင့် အာဆီယံနှင့် မိတ်ဖက်
နိုင်ငံများ အကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင် မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို
တိုးမြှင့်ရန်။
(၂၃) အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်၊ မသန်စွမ်းသူများနှင့်
အားနည်းသူများ၏ အခန်းကဏ္ဍ ကို မြှင့် တင် ပေးရန်။
(၂၄) ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊
တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး တို့ကို ပိုမိုကျစ်လျစ် ခိုင်မာစွာ
ဆောင်ရွက်နိုင်ရန် အတွက် အာဆီယံ၏ နည်းလမ်းများနှင့် ကဏ္ဍစုံ တို့ကို မြှင့်တင် ပေးရန်။
(၂၅) ASEAN Climate Change Initiative (ACCI) ကို အကောင်အထည်
ဖော်ခြင်းဖြင့် အာဆီယံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ စီမံချက်တို့ကို
အားဖြည့်ရန်။
(၂၆) အာဆီယံ၏ မဏ္ဍိုင် (၃) ရပ်လုံးတွင် Bali Concord
III Plan of Action (2013-2017) စီမံချက် အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်ကို အရှိန်
မြှင့်တင်ရန်။
(၂၇) အာဆီယံ ပြည်သူများ အကြား အာဆီယံ အသိုက်အဝန်း ဆိုင်ရာ
အသိအမြင်ကို မြှင့်တင် ပေးရန်။
(၂၈) ပြည်သူကို ရှေးရှု ဗဟိုပြုသော အာဆီယံ ဖြစ်ပေါ်လာစေရန်
ပုဂ္ဂလိကကဏ္ဍ၊ ပညာရှင်များ၊ လွှတ်တော်များ၊ လူငယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ပိုမို
အပြုသဘောဆောင်သော ချဉ်းကပ် မှုကို တိုးမြှင့်ရန်။
၂ဝ၁၄ ခုနှစ် မေလ ၁၁ ရက်နေ့တွင် နေပြည်တော်
မြန်မာနိုင်ငံ၌ အတည်ပြု ခဲ့ကြောင်းဖြင့် ပါရှိသည်။
No comments:
Post a Comment