Monday, May 12, 2014

ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်များအတွက် One Stop Service ဝန်ဆောင်မှုများကို ယခုလ အတွင်း ကွင်းဆင်း ဆောင်ရွက်ပေးမည် 

နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များနှင့် ယာဉ်မောင်း လိုင်စင်များကို သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းတို့ အတွက် လျှောက်ထား လိုသူများ အဆင်ပြေလွယ်ကူမှု ရှိစေရန် One Stop Service အနေဖြင့် ဆောင် ရွက်ပေးခြင်းများကို ယခုလအတွင်း ဒေသအသီးသီးတွင် လိုက်လံ ကွင်းဆင်း ဆောင် ရွက်ပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
၎င်း၏ ပြောကြားချက်အရ ထိုသို့ One Stop Service အနေဖြင့် လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းများကို ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေ သကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုတွင် ကွင်းဆင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်းကဲ့သို့ လိုက်လံ ဆောင်ရွက်ပေးရန် စီစဉ်ရခြင်းမှာလည်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း လိုင်စင် ရရှိထားကြ သူများအတွက် အချိန်ကုန် သက်သာ၊ စရိတ်ကုန် သက်သာပြီး လိုင်စင် သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်စေရန်၊ လိုင်စင်မဲ့ တရား မဝင် ဖြစ်နေသော မော်တော် ယာဉ်များ လျော့ပါးသွားပြီး တရားဝင် လိုင်စင်ရှိသော ယာဉ်များ အဖြစ် ပြောင်း လဲဆောင်ရွက် ပေးနိုင်ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန် ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုမရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ယခင်ဆောင်ရွက် ပေးနေေ သာ နေရာများအပြင် ရန်ကုန်ဘူတာကြီး၊ က.ည.န(ရွာသာကြီး)နှင့် အောင်မင်္ဂလာ အဝေးပြေးဝင်း အစရှိသော နေရာများတွင် ထပ်မံတိုးချဲ့ ဖြန့်ကြက်ကာ လုပ်ကိုင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

No comments:

Post a Comment

back to top