Tuesday, May 27, 2014


အီရန် နိုင်ငံက ပြည်တွင်းထုတ် ရေဒါများ ထုတ်ဖော် ပြသ

အီရန်နိုင်ငံသည် Khatam ol-Anbia လေကြောင်းရန်ကာကွယ်ရေး အခြေစိုက်စခန်းတွင် Malta ol-Fajr (Dawn) ရေဒါစနစ်ကဲ့သို့ စွမ်းရည်ရှိသော ပြည်တွင်းထုတ် အမိန့်ပေးနှင့် ထိန်းချုပ်စနစ်များ ဖြစ်သည့်
Fakour (Thoughful) နှင့်  Rassoul (Messenger) ရေဒါစနစ်များကို ထုတ်ဖော် ပြသခဲ့ကြောင်းနှင့် ၎င်း အခမ်းအနား သို့ Khatam ol-Anbia လေကြောင်းရန်ကာကွယ်ရေး အခြေစိုက်စခန်း အကြီးအကဲ ဗိုလ်မှူးချုပ် Farzad Esmayeeli နှင့် အခြားအဆင့်မြင့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ရေဒါစနစ်၂ခုသည် လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ရွေ့လျားနှင့် မရွေ့လျားနိုင်သော ရေဒါများ၊ ဒုံးကျည်စနစ်များနှင့် အနီးဝန်းကျင်ရှိ အမိန့်ပေး ထိန်းချုပ်စင်တာတို့အား အချက်အလက် စုဆောင်း သည့်စင်တာမှချိတ်ဆက်၍ ဓာတ်ပုံနှင့်မြေပုံတို့ကို စုစည်းပြီး အမိန့်ပေးထိန်းချုပ် မြေပြင်အခြေစိုက် စခန်းအား လုံးနှင့် ဝေဟင်အခြေစိုက် ကာကွယ်ရေးစနစ်များသို့ အချက်အလက်များ စုဆောင်း ပေး ပို့နိုင်ကြောင်း သိရ သည်။ အဆိုပါစနစ် ၂ ခုသည် ရွှေ့ပြောင်းနိုင်ပြီး အီလက်ထရွန်နစ် စစ်ဆင်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ကြောင်း၊ ကြမ်းတမ်းသော နေရာဒေသများနှင့် မည်သည့် နေရာတွင်မဆို တပ်ဖြန့်ချထားနိုင် ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ စနစ် ၂ ခု ထုတ်ဖော်ပြသသည့် အခမ်းအနားတွင် လုံခြုံမှုနှင့်တည်ငြိမ်မှုရှိသော နည်းဗျူဟာ မြောက် ဆက်သွယ်ရေးစနစ်ဖြစ်သည့်  Malta ol-Fajr ရေဒါဆက်သွယ်ရေး စနစ်ကိုလည်း ထုတ်ဖော်ပြသ ခဲ့ပြီး ၎င်းစနစ်သည် အနီးဝန်းကျင်ရှိ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမိန့်ပေးထိန်းချုပ် စင်တာများသို့ အသံနှင့် အချက်အလက်များ ထုတ်လွှင့်ပေးနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top