ယူရေနီယံကြွယ်ဝမှုကို (၂၀)ရာခိုင်နှုန်း လျော့ချ လိုက်သည့် အီရန်နိုင်ငံ
အီရန်နိုင်ငံဟာ
ကမ္ဘာ့အင်အားကြီး(၆)နိုင်ငံနဲ့ ပြုလုပ်ထားတဲ့ သဘောတူညီချက် အရ
ကြွယ်ဝ ယူရေနီယံ(၂၀)ရာခိုင်နှုန်းကို လျော့ချလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ အီရန်နိုင်ငံဟာ
ကမ္ဘာ့အင်အား ကြီး(၆)နိုင်ငံနဲ့ ပြုလုပ်ထားတဲ့ သဘောတူညီချက်အရ
ကြွယ်ဝယူရေနီယံပိုင်ဆိုင်မှု (၈၀)ရာခိုင်နှုန်းလျော့ ချမယ့် အစီအစဉ်မှာ
ကြွယ်ဝယူရေနီယံ(၂၀) ရာခိုင်နှုန်းကို လျော့ချလိုက်ပြီဖြစ်တယ်လို့ နိုင်ငံတကာ
အနုမြူစွမ်းအင်အေဂျင်စီIAEA က ပြောကြားထားပါတယ်။
သောကြာနေ့မှာIAEA က ထုတ်ပြန်လိုက်တဲ့
အစီရင်ခံစာအရ အီရန်နိုင်ငံဟာ (၃၈)ကီလိုဂရမ်ကနေ (၂၀၉)ကီလိုဂရမ်အထိရှိတဲ့
ကြွယ်ဝစွမ်းအင်ပိုင်ဆိုင်မှု (၂၀)ရာခိုင်နှုန်းကို လျှော့ချလိုက်ပြီဖြစ်တယ်လို့
သိရပါတယ်။ အခုလျှော့ချလိုက်တဲ့ ယူရေနီယံ ပမာဏဟာ နျူကလီးယားလက်နက်
ထုတ်လုပ်နိုင်တဲ့ ပမာဏလည်းဖြစ်ပါတယ်။
အစီရင်ခံစာရဲ့ ဖော်ပြချက်အရ
အီရန်နိုင်ငံဟာ IAEA နဲ့ အတူ နျူကလီးယားလျှော့ချမှုလုပ်ငန်းစဉ်ကို (၇)ခုကို
ဒီလကုန်ပိုင်းမှာ အပြီးသတ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တဟီရန်
ကမ္ဘာ့အင်အားကြီး (၆)နိုင်ငံနဲ့ ပြုလုပ်ထားတဲ့ သဘောတူညီချက်ကို အလေးထား လုပ်ဆောင်
နေတယ် လို့လည်း တင်ပြထားပါတယ်။
No comments:
Post a Comment