ဂျပန် ဝန်ကြီးချုပ်က
တရုတ် နိုင်ငံ၏ စစ်ရေး လုပ်ဆောင်မှု များကို အနီးကပ် စောင့်ကြည့် သွားရန်
ပြောကြားခဲ့
နှစ်နိုင်ငံအကြား
အငြင်းပွားလျက်ရှိသော လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်း ပျံသန်းနေ သော
ဂျပန်စောင့်ကြည့် ထောက်လှမ်းရေး လေယာဉ်များအနီးမှတရုတ် တိုက်လေယာဉ်များ အနီးကပ်
ပျံသန်းခဲ့ပြီး နှစ်ရက်အကြာတွင် ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏
လုပ်ဆောင်နေမှုများကို အနီးကပ်ဆက် လက် စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဟု
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေ ၂၆ ရက်တွင် အတည်ပြု ပြောကြား ခဲ့သည်။
ဂျပန်
ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့(SDF) အနေဖြင့် သတိထား စောင့်ကြည့်မှုများ
ဆက်လက်ပြုလုပ်သွားရန်နှင့် တရုတ်နိုင်ငံအပေါ် သံတမန် နည်းလမ်းအရလည်း
ဆန့်ကျင်ကန့်ကွက်သွား ရန် ဝန်ကြီးချုပ် အာဘေးက ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီအိုနိုဒီရာ
အား ညွှန်ကြားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏
Su-27 တိုက်လေယာဉ်သည် SDF ၏ OP-3C ထောက် လှမ်းရေးလေယာဉ် အနီး မီတာ ၅ဝ
ခန့်အထိချဉ်းကပ်ခဲ့ပြီး အခြား Su-27 တိုက်လေယာဉ် တစ်စင်းသည်လည်း YS-11EB
ထောက်လှမ်းရေး လေယာဉ်အနီးသို့ မီတာ ၃ဝ အထိ အနီးကပ် ချဉ်းကပ်လာခဲ့ကြောင်း
သိရသည်။ အရှေ့ တရုတ်ပင်လယ်တွင် လေကြောင်းရန် ကာကွယ်ရေးဇုန် အသစ် အား ၂ဝ၁၃
ခုနှစ် နိုဝင်ဘာလတွင် တရုတ် နိုင်ငံက တစ်ဖက်သတ် သတ်မှတ်ခဲ့ပြီး ၎င်း ဖတ်သန်းသော လေယာဉ်အားလုံးအနေဖြင့် တရုတ်အာဏာပိုင်များထံ အကြောင်းကြားရန် တာဝန် ရှိကြောင်း
ကြေညာထားသည်။ တရုတ်နိုင်ငံက သတ်မှတ်လိုက်သော လေကြောင်းရန် ကာကွယ်ရေး
သတ်မှတ်ဇုန်သည် ဂျပန်နိုင်ငံ ဆန်ကာကူကျွန်းများ၏ လေပိုင်နက်နှင့်
ထပ်နေကြောင်း သိရသည်။
No comments:
Post a Comment