Friday, May 16, 2014



နျူကလီးယား ဆိုင်ရာ နောက်ဆုံး သဘော တူညီချက် မူကြမ်းအား အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံ ဆွေးနွေး ညှိနှိုင်း

အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံတို့အကြား နောက်ဆုံးသဘောတူညီမှု ရရှိရေးပြဋ္ဌာန်း သတ်မှတ်ချက် ရေးဆွဲခြင်း အခြေအနေသစ် တစ်ရပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အီရန်၏ နျူကလီးယား ကိစ္စရပ်များအပေါ် သဘောတူညီမှုတစ်ရပ် ရရှိရေး အတွက် နောက်ဆုံး အကြိမ် စေ့စပ်ဆွေးနွေးမှုကို သြစတြီး ယားနိုင်ငံ ဗီယင်နာမြို့၌ မေ  ၁၄ ရက်တွင် စတင်ပြုလုပ် ခဲ့ပြီး နောက်ဆုံး သဘောတူညီမှုကို ဇူလိုင် ၂ဝ ရက် မတိုင်မီပြုလုပ်သွားရန် သတ်မှတ်ထားကြောင်း သိရသည်။ မေ  ၁၅ ရက် နံနက်ပိုင်းတွင် တစ်နာရီကြာ ပြု လုပ်ခဲ့သောဆွေးနွေးပွဲသည် အလွန်လေးနက် မှုရှိပြီး နှစ်ဖက်အကြား အခြေအနေသည် အမြဲတမ်းလှိုက်လှဲ ဖော်ရွေမှုများ ရှိနေကြောင်း၊ တွေ့ ဆုံဆွေးနွေးမှုသည် ကနဦး အကြို ဆွေးနွေးပွဲထက် ကြာမြင့်ကြောင်း၊ လက် ရှိဆွေးနွေးပွဲသည် အရှိန်မြှင့် လာသော စေ့စပ်ဆွေးနွေးမှု ဖြစ်သောကြောင့် ကောင်းမွန်ပြည့်စုံသော ထုတ်ပြန် ချက်တစ်ရပ်ကို ယခုရက် သတ္တပတ်အတွင်း ထုတ်ပြန်နိုင်လိမ့်မည် မဟုတ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြား ရေး ရာ ပြောရေး ဆိုခွင့်ရှိသူ Michael Mann က ပြောကြားခဲ့သည်။


အင်အားကြီး ခြောက်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်များတွင် လက်နက် ထုတ်လုပ် နိုင်စွမ်းရှိမှု အလားအလာကို လျှော့ချနိုင် ရန် ဆွေးနွေးဆောင် ရွက် နိုင်မည်ဟု မျှော် မှန်းထားကြောင်း  သိရ သည်။ အီရန်နိုင်ငံကလည်း ၎င်းအနေဖြင့် နျူကလီးယား လက်နက် ထုတ်လုပ်မှုများ ကို ဆက်လက်လုပ် ဆောင်မည် မဟုတ်ကြောင်းနှင့် ၎င်းအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုအားလုံး အဆုံးသတ်စေရန် အပြန်အလှန် အလျှော့ပေး ဆောင်ရွက်ရေးအတွက် ဆွေးနွေးရန် အသင့် ရှိနေကြောင်း ပြောကြားခဲ့သည်ဟု  သိရသည်။

No comments:

Post a Comment

back to top